
အစိုးရအဖွဲ့တွင် ပါဝင်မည့်သူများ သည် ပြည်သူများ လက်ခံနိုင်သူနှင့် အရည်အသွေးထက်မြက်သူ ဖြစ်ရမည်ဆိုသည့် အချက်များအပါ် မူတည်၍ စဉ်းစားမည်ဖြစ်ပြီး အရည်အချင်းရှိပါက ရွေးချယ်မည်ဖြစ်ကြောင်း NLD ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်ရှိ NLD ပါတီ ဗဟိုရုံးချုပ် (ယာယီ) တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် အစိုးရအဖွဲ့ကို မည်သို့ရွေးချယ်ဖွဲ့စည်းမည်နည်းဆိုသော မီဒီယာများ၏ မေးမြန်းမှုကို ဒေါက်တာမျိုးညွန့်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်တို့ ပြောပြီးပါပြီ။ ကျွန်တော်တို့ ရွေးချယ်မှုက အဖွဲ့ချုပ်ရဲ့မူဝါဒတွေကို လိုက်နာနိုင်တဲ့သူလည်း ဖြစ်ရမယ်။ နောက်ပြီးရင် ပြည်သူက လက်ခံနိုင်တဲ့သူလည်းဖြစ်ရမယ်။ နောက်တစ်ခုက သူကိုယ်တိုင်က အရည်အသွေးထက်မြက်တဲ့သူလည်းဖြစ်ရမယ်။ ဒီအပေါ်မူတည်ပြီး စဉ်းစားမယ်လို့ ကျွန်တော်တို့ ပြောထားပါတယ်။ အစိုးရအဖွဲ့ ဖွဲ့စည်းရာမှာ အရင်လူဟောင်း ပါဝင်မှုကို ရာခိုင်နှုန်းနဲ့သတ်မှတ်ပြီး မရွေးပါဘူး။ အရည်အချင်းရှိရင်ရှိသလို ကျွန်တော်တို့ ရွေးချယ်ပါမယ်။ ဒီနေရာမှာ ပြည်သူတွေရဲ့ တုံ့ပြန်မှု၊ ပြည်သူတွေရဲ့ ပြည်သူတွေရဲ့ အသံကလည်း ကျွန်တော်တို့ရဲ့ ရွေးချယ်မှုမှာလာပြီး သက်ရောက်မှုရှိတဲ့အတွက် အခုနေအတိ အကျပြောဖို့ခက်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
တတိယလွှတ်တော်သက်တမ်းတွင် ဖွဲ့စည်းမည်ဖြစ်သော အစိုးရအဖွဲ့အသစ်၌ လက်ရှိအစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်နေသာ လူဟောင်းများလည်း ပါဝင်မည်ဖြစ်သလို လူသစ်တချို့လည်း ပါဝင်လာမည်ဖြစ်ခြင်းကြောင့် အစိုးရအဖွဲ့ခြင်း တူညီမည်မဟုတ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
ဒေါက်တာမျိုးညွန့်က “ပြည်ထောင်စုအဆင့်ဝန်ကြီးတွေနဲ့ပတ်သက်ပြီး စဉ်းစားနေတုန်းပါ။ ကျွန်တော်တို့က လွှတ်တော်ခေါ်မယ်။ လွှတ်တော်ခေါ်ပြီးတော့မှ အစိုးရဆိုတာက နောက်ကလိုက်ဖွဲ့ရတာပါ။ အဲတော့ ကျွန်တော်တို့ အလျင်မလိုပါဘူး။ လိုအပ်သလို ပြင်ဆင်နိုင်အောင် အချိန်ပေးထားပါတယ်” ဟု ပြောကြားသည်။
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကာလသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းကြောင့် ရက်ပေါင်း ၉၀ ကာလအတွင်း လွှတ်တော်အစည်းအဝေးများကို ကျင်းပရမည်ဖြစ်သည့်အတွက် တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကျင်းပရန်အတွက် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော်ရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်