
NLD ပါတီ ပေးပို့သည့် အနာဂတ်တွင် တိုင်းရင်းသားများ၏ဆန္ဒကို အလေးထား ဆောင်ရွက်မည်ဆိုသော စာအပေါ် ကြိုဆိုကြောင်း ဒီဇင်ဘာလဆန်းက အကြောင်းပြန်ခဲ့သည်ဟု ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။
နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စဆိုသည့်ခေါင်းစဉ်ဖြင့် NLD ပါတီက ANP ပါတီအပါအဝင်တိုင်းရင်းသားပါတီ ၄၈ ပါတီထံ အိတ်ပေးစာတစ်စောင်ကို နိုဝင်ဘာ ၁၁ ရက်နေ့စွဲဖြင့် ပေးပို့ခဲ့သည်။
“NLD က စာမှာ တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အလေးထားလုပ်ဆောင်ဖို့ဆိုတဲ့ အကြောင်းအရာတစ်ခု ပါတယ်လေ။ အဲလို ပါတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ကြိုဆိုတယ်လို့ ပြီးရင် ကျွန်တော်တို့က တိုင်းရင်းသားတွေရဲ့ဆန္ဒဖြစ်တဲ့ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေးကို ကြိုးပမ်းလုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ မျှော်လင့်ပါတယ်လို့ အဲလိုအကြောင်းပြန်လိုက်တယ်” ဟု ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တိုင်းရင်းသားပါတီများထံ ပေးစာတွင် အဖွဲ့ချုပ်အနေဖြင့် အနာဂတ်တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် မမှိတ်မသုန်ဆက်လက် ကြိုးပမ်းသွားမည်၊ အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒကို အလေးထားဆောင်ရွက်သွားမည်၊ အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်ကြွစွာ ပူးပေါင်းပါဝင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြပါရှိသည်။
သို့သော် ပေးပို့စာသည် NLD ပါတီ၏ သဘောထားကို တစ်စုံတစ်ရာ အသိပေးလိုသည့် သဘောသာဖြစ်ပြီး အစိုးရသစ်ဖွဲ့စည်းရေးကိစ္စနှင့် ဆက်စပ်မှုရှိသည်ဟု မထင်မြင်ကြောင်း ANP ပါတီီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။
“ အဲဒါကြောင့် ကျွန်တော်တို့ကတော့ မျှော်လင့်ချက်လည်း သိပ်ထားလို့မရတဲ့ အခြေအနေရှိတယ်” ဟု ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။
NLD ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရသော်လည်း ထိုသို့တိုင်းရင်းသားပါတီများထံ အသိပေးစာပေးပို့မှုကြောင့် လာမည့်အစိုးရသစ်တွင် တိုင်းရင်းသားပါတီများ ပိုမိုပါဝင်လာနိုုင်ခြေ ရှိိသောဆိုသော သုံးသပ်မှုအချို့ရှိသည်။
NLD ပါတီ၏ တိုင်းရင်းသားပါတီများထံ စာပေးပို့မှုက ရွေးကောက်ပွဲအနိုင်ရသော်လည်း တိုင်းရင်းသားပါတီများနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်သည်ဆိုသောမူဝါဒအပြောင်းအလဲဖြစ်နိုင်ကြောင်း ဦးသာထွန်းလှက ပြောကြားသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး ရခိုင်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အများစုကို ရခိုင်အမျိုးသားပါတီက အနိုင်ရခဲ့သော်လည်း NLD ပါတီက ၂၀၀၈ အခြေခံ ဥပဒေအရ ၎င်းတို့ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းကို ဝန်ကြီးချုပ်ခန့်အပ်ပြီး အစိုးရဦးဆောင်ဖွဲ့စည်းစေခဲ့သည်။
လက်ရှိ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း ပြည်နယ်မဲဆန္ဒနယ်အများစု၏ အနိုင်ရပါတီမှာ ရခိုင်အမျိုးသားပါတီ ဖြစ်သည်။
အစိုးရဖွဲ့စည်းရေးကိစ္စအပေါ် ယတိပြတ်ပြောကြားနိုင်ခြင်း မရှိသေးသော်လည်း တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးမှုများ သေချာပေါက်လုပ်ဆောင်မည်ဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြား ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်