
လစာဝင်ငွေအား အခွန်စည်းကြပ်ရာတွင် နှစ်တစ်နှစ်အတွင်း လစာဝင်ငွေကျပ် ၄၈ သိန်းအထက် ရရှိသူနေရာတွင် ဝင်ငွေ ကျပ်သိန်း ၆၀ အထက်ရရှိသူဟု ပြင်ဆင်သင့်ကြောင်း ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် ၁၁ မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်က ဆွေးနွေးခဲ့သည်။
စက်တင်ဘာ ၆ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးကျော်နီနိုင်က “မူလဥပဒေကြမ်းရဲ့ အခန်း ၇ ပုဒ်မ ၁၉(က) (ခ)တို့တွင်ပါရှိတဲ့ လစာ နှစ်တစ်နှစ်မှာ ဝင်ငွေကျပ် ၄၈ သိန်းအထက် ရရှိနေသူနေရာမှာ ဝင်ငွေကျပ်သိန်း ၆၀ အထက်ရရှိသူဟု ပြင်ဆင်သင့်တယ်လို့ အကြံ ပြုလိုပါတယ်။ သို့မှသာ တိကျတဲ့ ဝင်ငွေခွန်အလွှာကို စနစ်တကျ သတ်မှတ်နိုင်မှာဖြစ်ပါ တယ်။ ပုဒ်မခွဲ(က)မှာ မြေငှားရမ်းခြင်း၊ အခန်း ငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်းက ရရှိတဲ့ စုစုပေါင်းငှားရမ်းခ ကျပ်ငွေအပေါ် ပုဒ်မ ၆ ပုဒ်မခွဲ(က)အရ သက်သာခွင့်တွေကို နှုတ်ပယ်ပြီး ကျန်ငွေတွေအပေါ် ၁၀ ရာခိုင် နှုန်းနဲ့ ဝင်ငွေခွန် သီးခြားစည်းကြပ်ရမယ်လို့ ဖော်ပြထားပါတယ်။ ကျွန်တော့်အနေနဲ့က တော့ ငါးရာခိုင်နှုန်းအဖြစ်သာ စည်းကြပ်စေ လိုပါတယ်။ အခွန်ထမ်းယဉ်ကျေးမှုကို ထွန်းကားလာစေဖို့ ဖြေလျော့ပေးစေလိုပါတယ်” ဟု ဆွေးနွေးခဲ့သည်။
ပြီးခဲ့သည့်နှစ် အခွန်အကောက်ဥပဒေကြမ်း ဆွေးနွေးစဉ်တွင်လည်း လစာနှစ် တစ်နှစ်ဝင်ငွေ ကျပ် ၄၈ သိန်းအစား ကျပ်သိန်း ၆၀ ဟုပြင်ဆင်ရန် ဆွေးနွေးမှုများရှိခဲ့သော်လည်း အတည်ပြုသည့်အချိန်တွင် ကျပ် ၄၈ သိန်းအထက် ရရှိနေသူဟုသာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်