Top News

စစ်ပွဲများရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းများ လက်တွေ့ဆောင်ရွက်နိုင်ရန်အတွက် တစ်လတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ကြေညာ
24htopnews | October 23, 2024 8:12 AM CST

ပြည်တွင်းစစ်ပွဲများ ရပ်တန့်ပြီး တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရေးလုပ်ငန်းများ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉ ခု နှစ် စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၈ ရက်အထိ တစ်လတာ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ညီနောင်မဟာ မိတ်သုံးဖွဲ့က စက်တင်ဘာ ၉ ရက်တွင် ကြေ ညာချက် ထုတ်ပြန်သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA ) နှင့် ရခိုင်အဖွဲ့ (AA) တို့သည် ပြီးခဲ့သည့် သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ ဖြစ်ကြသည်။

ယခုကဲ့သို့ ကြေညာထားသည့် ကာလအတွင်း ၎င်းတို့သုံးဖွဲ့အနေဖြင့် တပ်မတော်ကို လက်ဦးမှုရယူ၍ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ပြုလုပ်မည် မဟုတ်သော်လည်း တပ်မတော်က ၎င်းတို့ကို စတင်တိုက်ခိုက် လာပါက ခုခံကာကွယ်အနေအထားမျိုးဖြင့် တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

တပ်မတော်က ၎င်းတို့သုံးဖွဲ့အားစတင် တိုက်ခိုက်ခြင်းအပြင် ၎င်းတို့၏ ဒေသများတွင် စစ်ဆင်ရေးနှင့် စစ်ရေးလှုပ်ရှားမှုများ လာရောက်ပြုလုပ်ခြင်း၊ လက်နက်ကြီး အမြောက်အမြားဖြင့် စုပြုံပစ်ခတ်တိုက်ခိုက် ခြင်းနှင့် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လာမည်ဆိုပါကလည်း ၎င်းတို့အနေဖြင့် ခုခံကာကွယ်သော အနေအထားမျိုးဖြင့် မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို တုံ့ပြန်တိုက် ခိုက်သွားမည်ဖြစ်ကြောင်းလည်း ညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ သည်။

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ သည် အစိုးရနှင့် Bilateral လက်မှတ်ရေး ထိုးနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေပြီး ပြီးခဲ့သည့် သြဂုတ ်၃၁ ရက်တွင် အစိုးရ၏ NRPC နှင့် မြောက်ပိုင်းလေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကာ အဆိုပါ တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကလည်း ယခင်အပစ်ရပ်ထားသည့် တိုင်းစစ်ဌာနချုပ် နယ်မြေငါးခုတွင် စက်တင်ဘာ ၁ ရက်မှ ၂၁ ရက်အထိ အပစ်ရပ်ကာလသက်တမ်း ထပ်မံတိုးမြှင့်ပေးထားသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်စေရေးအတွက် တပ်မတော်ဘက်မှ စတင်၍ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများရပ်ဆိုင်းပေးခြင်းအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ ၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေများတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ စတင်၍ သြဂုတ် ၃၁ ရက်အထိ အချိန်ကာလအားဖြင့် ရှစ်လကြာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လူမှုစီး ပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်လိုသည့် စစ် မှန်သောဆန္ဒဖြင့် ပြုလုပ်ပေးခဲ့ကြောင်း သြ ဂုတ် ၃၁ ရက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက  သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိအခြေအနေတွင် တပ်မတော်အနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ ၏ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်၊ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံး ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်မှု အပြည့် ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တို့နှင့် လက်ရှိ ဆွေးနွေးဆဲ အခြေအနေများ ဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက် အထက်ပါ တိုင်းစစ်ဌာနချုပ်နယ်မြေများတွင် စစ်ရေး ဆိုင်ရာလှုပ်ရှားမှုများအား ရပ်ဆိုင်းခြင်းကို စက်တင်ဘာ ၂၁ ရက်အထိ ထပ်မံတိုးမြှင့် ပေးကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော် ပြခဲ့သည်။


READ NEXT
Cancel OK