Top News

The Outlaws 2 ရုပ်ရှင်သည် ၂၀၁၉ ခုနှစ်နောက်ပိုင်း ရုပ်ရှင်ရုံများတွင် လာရောက်ကြည့်ရှုသူ ရှစ်သန်းကျော်ရှိသည့် ပထမဆုံးရုပ်ရှင်ဖြစ်လာ
24htopnews | October 22, 2024 1:13 PM CST

The Outlaws 2 (The Roundup) ရုပ်ရှင်သည် ကိုရီးယား box office တွင် အမြင့်သို့ ဆက်လက်တက်လှမ်းလျက်ရှိနေသည်။

ကိုရီးယားရုပ်ရှင်အစည်းအရုံး၏ထုတ်ပြန်ချက်အရ The Outlaws 2 သည် ဇွန် ၄ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီအချိန်တွင်  ရုပ်ရှင်ရုံများ၌ လာရောက်ကြည့်ရှုသူ ရှစ်သန်း ကျော်ရှိလာခဲ့သည်။

The Outlaws 2 သည် အံ့သြဖွယ်အမြန်နှုန်းဖြင့် ယင်းစံချိန်ကို ရောက်ရှိခဲ့ရုံသာမက COVID-19 ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခု နှစ်က ထွက်ရှိခဲ့သော Ashfall ရုပ်ရှင်နောက်ပိုင်း ပထမဆုံးအကြိမ် ရုပ်ရှင်ရုံတွင် ကြည့်ရှုသူပေါင်း ရှစ်သန်းကျော်သည့် ပထမဆုံးရုပ်ရှင် ဖြစ်လာခဲ့သည်။

ထို့ပြင် The Outlaws 2 သည် မေ ၁၈ ရက်တွင် ပထမဆုံး ရုံတင်ပြသခဲ့ပြီးနောက် ၁၈ ရက်အောက်လျော့နည်းသည့်အချိန်အတွင်း ယခုကဲ့သို့ လာရောက်ကြည့်ရှုသူ ရှစ်သန်းကျော်ရှိလာခဲ့ခြင်းဖြစ်သည်။

ယင်းရုပ်ရှင်သည် ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့သော် The Outlaws ရုပ်ရှင်၏ လူအများ မျှော်လင့်စောင့်ဆိုင်းနေသော နောက်ဆက်တွဲ အက်ရှင်ရုပ်ရှင်ဇာတ်ကားဖြစ်သည်။


READ NEXT
Cancel OK