
သရုပ်ဆောင်မင်းသမီး ဇန်ဒါရာသည် ဇွန် ၅ ရက်တွင် MTV ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဆုများကို ရရှိခဲ့ပြီး ၎င်း၏ ဆယ်ကျော်သက် ဒရာမာဇာတ်လမ်းတွဲ Euphoria နှင့် နာမည်ကျော်ရုပ်ရှင်ဇာတ်ကားဖြစ်သည့် Spider-Man: No Way Home တို့က အကောင်းဆုံးဇာတ်လမ်းတွဲဆုနှင့် အကောင်းဆုံးရုပ်ရှင်ဇာတ်လမ်းဆုတို့ကို အသီးသီးရရှိခဲ့ကြသည်။
ယင်းဆုများကို အများပြည်သူများက အွန်လိုင်းမှ မဲပေးမှုစနစ်ဖြင့် ရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ဒစ်စနီက လေးသရုပ်ဆောင်ဟောင်း ဇန်ဒါရာ၏ ကျော်ကြားမှုများကို မီးမောင်းထိုးပြလျက်ရှိသည်။
ဇန်ဒါရာသည် HBO ရုပ်သံ၏ခေတ်သစ်ဆယ်ကျော်သက်ဘဝကို ဖော်ပြထားသော Euphoria ဇာတ်လမ်းတွဲဖြင့် အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့သည့်အပြင် တမူထားခြားသည့် ဆုများဖြစ်သော အကောင်းဆုံး တိုက်ခိုက်မှုစွမ်းရည် သရုပ်ဆောင်ဆုနှင့် အချိတ်အဆက်အကောင်းဆုံးသရုပ်ဆောင်ဆုတို့ကိုလည်း ရရှိခဲ့သည်။
MTV ဆုများသည် အကောင်းဆုံးအနမ်းသရုပ်ဆောင်ဆုမှ အကောင်းဆုံးခြောက်ခြားဖွယ်သရုပ်ဆောင်ဆုအထိ အမျိုးအစားပေါင်းများစွာအတွက် ရွှေရောင်ပြောင်းဖူးပေါက်ပေါက်ရုပ်တုများကို ကာလကြာရှည်ဆု ပေးအပ်ချီးမြှင့်လာခဲ့ခြင်းဖြစ်သည်။
ကပ်ရောဂါကာလအတွင်း အကြီးမားဆုံး box office ရရှိထားသည့် Spider-Man: No Way Home ရုပ်ရှင်က အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို ရရှိခဲ့သည်။
ယင်းရုပ်ရှင်သည် ကမ္ဘာတစ်ဝန်းတွင်ဝင် ငွေဒေါ်လာ ၁.၉ ဘီလျံရရှိထားပြီး ပြည်တွင်းရုပ်ရှင်ရုံများတွင် တတိယမြောက်ဝင်ငွေအများဆုံးရရှိသည့် ရုပ်ရှင်ဖြစ်သည်။
ဇန်ဒါရာ၏ ရုပ်ရှင်ထဲတွင်သာမက လက်တွေ့ဘဝတွင် ချစ်သူဖြစ်သည့် Spider-Man မင်းသား တွမ်ဟော်လန်က ယင်းရုပ်ရှင်အတွက် အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့သော်လည်း ၎င်းတို့နှစ်ဦးလုံးသည် လေ့ာစ်အိန်ဂျလိစ်မြို့အနီး ဆန်တာမိုနီကာတွင် ပြုလုပ်သည့် ဆုပေးပွဲအခမ်းအနားသို့ လူကိုယ်တိုင် တက်ရောက်လာခဲ့ခြင်းမရှိပေ။
နာမည်ကျော်အဆိုတော်တစ်ဦးလည်းဖြစ်ပြီး သရုပ်ဆောင်တစ်ဦးလည်းဖြစ်သည့် ဂျနီဖာလိုပက်ဇ်က On My Way (Marry Me) သီချင်းဖြင့် အကောင်းဆုံးတေးသီချင်းဆု ရရှိခဲ့ပြီး အိုလီဗီယာရိုဒရီဂို၏ Driving home 2 u က အကောင်းဆုံးဂီတမှတ်တမ်းရုပ်ရှင်ဆုကို ရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်