
ခင်ပွန်းဟောင်းဂျွန်နီဒပ်နှင့် အပြန်အလှန်တရားစွဲဆိုခဲ့ကြသည့် အသရေဖျက်မှုအမှုတွင် ရှုံးနိမ့်ခဲ့သူ ရုပ်ရှင်မင်းသမီး အမ်ဘာဟတ်က အင်စတာဂရမ်တွင် ဆော်ဒီအမျိုးသားတစ်ဦး၏ လက်ထပ်ခွင့်တောင်းဆိုခံခဲ့ရသည်။
ဟောလိဝုဒ်စုံတွဲဟောင်း ဂျွန်နီဒပ်နှင့် အမ်ဘာဟတ်တို့ကြား အမှုကြားနာစစ်ဆေးမှုသည် သီတင်းပတ်ခြောက်ပတ် ကြာမြင့်ပြီးသည့်နောက်၊ အဆုံးသတ်သွားလေပြီ။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာက ၀ါရှင်တန်ပို့စ် သတင်းစာအတွက်ပေးပို့ခဲ့သည့် ဆောင်းပါးတစ်ခုနှင့်ပတ်သက်ပြီး အသက် ၅၈ နှစ်အရွယ် ဂျွန်နီဒပ်က ဇနီးဟောင်းအမ်ဘာဟတ်ကို အသရေဖျက်မှုဖြင့် တရားစွဲကာ နစ်နာကြေးဒေါ်လာသန်း ၅၀ တောင်းခဲ့ပြီး အမ်ဘာဟတ်ကမူ ဆောင်းပါးထဲတွင်သူ့ကိုယ်သူ အိမ်တွင်း အကြမ်းဖက်ခံရသူအဖြစ်သာ ဖော်ပြထားပြီး ဂျွန်နီဒပ်နာမည်ကို မတပ်ထားဟုဆိုကာ တန်ပြန်တရားစွဲထားသည့်အမှုကို ဗာဂျီးနီးယားရုံးတော်က ဇွန်လ ၁ ရက်တွင် အပြီးသတ်စီရင်ချက်ချရာ အမ်ဘာဟတ်ကို အသရေဖျက်သူအဖြစ် ဆုံးဖြတ်ပြီး ဂျွန်နီဒပ်ကို အနိုင်ပေးခဲ့သည်။
အမှုရှုံးသွားပြီးနောက်ရက်ပိုင်းအကြာတွင် ဆော်ဒီအာရေဗျနိုင်ငံမှ အမျိုးသားတစ်ဦးက အမ်ဘာကို အင်စတာဂရမ်တွင် လက်ထပ်ခွင့်တောင်းထားသည့် အသံဖိုင်ပေးပို့ခဲ့သည်။
အသံဖိုင်ထဲတွင် ၎င်းအမျိုးသားက ‘အမ်ဘာ သင့်အတွက်တံခါးအားလုံးက ပိတ်ထားနေမှတော့ ငါကလွဲပြီး သင့်ကို စောင့်ရှောက်မယ့်သူမရှိတော့ဘူး။ တချို့လူတွေက သင့်ကို မုန်းတီးဗိုလ်ကျနေတာတွေ ငါမြင်ရတယ်။ ဒါ့ကြောင့်သင့်ကို လက်ထပ်ဖို့ ငါဆုံးဖြတ်ထားတယ်။ အလ္လာက ငါတို့နှစ်ဦးစလုံးကို ကောင်းချီးပေးပါစေ။ သင်ဟာ ကံကောင်းခြင်းဆိုတာကို လူတွေက မသိကြဘူး။ ငါကတော့ အဲဒီလူကြီးထက်သာပါတယ်” ဟု ပြောဆိုထားသည်။
အင်တာနက်သုံးစွဲသူများအကြား ထိုကိစ္စကို မှတ်ချက်ပေးပြောဆိုနေကြပြီး တစ်ဦးကမူ “ဒါက မင်းသမီးရဲ့အနာကို ဆားနဲ့ပက်တာပဲ” ဟု ဆိုပြီး ရယ်နေသည့် အီမိုဂျီပုံလေးများလည်း မှတ်ချက်ဝင်ပေးကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်