
မေလ ၂၄ ရက်က အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ရှိ မူလတန်း ကျောင်းတစ်ကျောင်းတွင် လူအစုလိုက်သေဆုံးစေခဲ့သည့် ပစ်ခတ်မှုကြီးဖြစ်ပွားအပြီး အမေရိကန်၏ သေနတ်ကိုင်ဆောင်မှုဥပဒေကို ပြစ်တင်ဝေဖန်လာကြသည့် အနုပညာရှင်များထဲ ဗြိတိန်ရုပ်သံအစီအစဉ်တင်ဆက်သူ ဂျိမ်းစ် ကော်ဒင်လည်း ပါဝင်လာသည်။
ကလေးသုံးဦးဖခင် ဂျိမ်းစ်ကော်ဒင်က The Late Late Show အစီအစဉ်ရိုက်ကူးပြီးသည့်နောက်တွင် “အခုမနက်ကလေးတွေကို ကျောင်းလိုက်ပို့ပေးတယ်ဆိုပါစို့။ ပြီးရင် ကလေးတွေကို မိဘကနှုတ်ဆက်အနမ်းပေး ပြီး ပြန်မယ်။မိဘတွေရဲ့စိတ်ထဲမှာ အဲဒါက နောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်မယ်လို့ ဘယ်ထင်လိမ့်မလဲ။ နောက် သင့်ရဲ့ကလေးက ပစ်ခတ်မှုမှာပါလို့ ဆုံးသွားပါပြီဆိုတဲ့ဖုန်းများလာခဲ့ရင် ဖခင်တစ်ဦးအနေနဲ့ အဲဒီပူလောင်မှုကို မတွေးရဲဘူး”ဟု ပြောခဲ့သည်။ ဆက်ပြီးသူက “ကျွန်တော်သိတဲ့အမေရိက၊ ကျွန်တော်အမြဲ အထင်ကြီးခဲ့ရတဲ့ အမေရိကဆိုတာ ဒါမျိုးမဟုတ်ဘူး။လက်နက်ကိုင်ဆောင်မှုဥပဒေနဲ့ ပတ်သက်ရင် အမေရိကဟာ ကမ္ဘာ့အတွန့်ဆုတ်ဆုံးနေရာတွေထဲပါတယ်”ဟုဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်