
တောင်ကိုရီးယား ရုပ်ရှင်လောကက မေ ၂၈ ရက်၌ကိန်းရုပ်ရှင်ပွဲတော်တွင် အဓိကဆုကြီးနှစ်ဆုကို ရရှိပြီးကမ္ဘာတစ်ဝန်း အောင်မြင်မှုကြီးကို ထပ်မံဆွတ်ခူးနိုင်ခဲ့သည်။
ဒါရိုက်တာ ပက်ခ်ချန်းဝုခ်က ၎င်း၏မှု ခင်းရုပ်ရှင် Decision To Leave ဖြင့်အကောင်းဆုံး ဒါရိုက်တာဆုကိုရရှိခဲ့ပြီး အော်စကာဆုရ Parasite ရုပ်ရှင်ဖြင့်လူသိများခဲ့သည့် သရုပ်ဆောင် မင်းသား ဆောင်းကန်ဟိုက Broker ဇာတ်လမ်းဖြင့် အကောင်းဆုံး မင်းသားဆုကို ရရှိခဲ့သည်။
ပက်ခ်သည် ၂၀၀၄ ခုနှစ်တွင်၎င်း၏ Oldboy ရုပ်ရှင်ဖြင့် ကိန်းရုပ်ရှင်ပွဲတော်၏ ု တိယအမြင့်ဆုံးဆုကို ရရှိခဲ့ပြီးနောက်နှစ်နှစ် ဆယ်နီးပါးအကြာတွင် ယင်းရုပ်ရှင်ပွဲ၌ ဆု တစ်ဆု ထပ်မံရရှိခဲ့ခြင်းဖြစ်သည်။
Parasite ဇာတ်ကားက ၂၀၂၀ အကယ်ဒမီဆုပေးပွဲတွင် အကောင်းဆုံးရုပ်ရှင်ကား နှင့် ၂၀၁၉ Palme d’Or ဆုတို့ကို မရရှိမီလွန်ခဲ့သည့် နှစ်ပေါင်းများစွာအလိုက ယင်း Oldboy ရုပ်ရှင်သည် တောင်ကိုရီးယားရုပ်ရှင် လောကအား ကမ္ဘာ့စင်မြင့်ပေါ်သို့ရောက်ရှိစေရန် တွန်းပို့ပေးခဲ့သော ရုပ်ရှင်တစ်ကားဖြစ်သည်။
အသက် ၅၈ နှစ်အရွယ် ပက်ခ်က သူသည် အနာဂတ်တွင် ရိုက်ကူးမည့် ရုပ်ရှင်များအတွက် စိတ်အားထက်သန်နေကြောင်း ကိန်းရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသူများကို ပြောကြားခဲ့သည်။
“ကပ်ရောဂါကြောင့် နယ်စပ်တွေပိတ်ထားရပါတယ်။ ကျွန်တော်တို့တွေက တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မိမှာကိုစိုးရိမ်နေကြပြီး ရုပ်ရှင်ရုံတွေမှာလည်း လူသူကင်းမဲ့နေပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းချင်း ပရိ သတ်တွေက ရုပ်ရှင်ရုံတွေကို ပြန်လည်ရှာဖွေနေကြပါပြီ” ဟု ပက်ခ်က ပြောကြားခဲ့သည်။
အမျိုးသမီးတစ်ဦးသည် မလိုချင်ဘဲရလာသည့်ကလေးကို အခြားသူများက ကောက်ယူမွေးစားရန်အတွက် ကလေးသေတ္တာတစ်ခုဖြင့် စွန့်ပစ်ခဲ့သည့် ဇာတ်လမ်းအကြောင်းရိုက်ကူးထားသည့် Broker ရုပ်ရှင်တွင် ၎င်း၏ပီ ပြင်သော သရုပ်ဆောင်မှုကြောင့် အသက် ၅၅ နှစ်အရွယ် ဆောင်းသည် အကောင်းဆုံး မင်းသားဆုကို ရရှိခဲ့သည်။
သူသည် မွေးကင်းစကလေးတစ်ဦးအား တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင်ရှိသော မိသားစုတစ်စုထံ ရောင်းချရန်ကြိုးပမ်းသည့် စိတ်နှလုံးသားနူးညံ့သောအမျိုးသားတစ်ဦးအဖြစ် ပါဝင်ထားသည်။ ယင်းရုပ်ရှင်သည် ဂျပန်ဒါရိုက်တာ ဟီရိုကာဇူကိုရီအီဒါ၏ ပထမဆုံး ကိုရီးယားဘာသာစကား ရုပ်ရှင်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်