Top News

General Strike Committee (GSC) တွင် ပါဝင်သည့် NLD ဟု အမည်တပ်ထားသူများသည် တာဝန်ပေးထားသူများ မဟုတ်ဘဲ NLD ပါတီမှ လုံးဝတာဝန်မခံဟု ဗဟိုကော်မတီဝင် ဒေါ်ခင်စန်းလှိုင် ပြောကြား
24htopnews | October 16, 2024 11:12 AM CST

General Strike Committee (GSC) တွင် ပါဝင်သည့် NLD ဟု အမည်တပ်ထားသူများသည် တာဝန်ပေးထားသူများ မဟုတ်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ လုံးဝ တာဝန်မခံဟု ဗဟိုကော်မတီဝင် ဒေါ်ခင်စန်းလှိုင်က ဖေဖော်ဝါရီ ၂၃ ရက်က ပြောကြားခဲ့သည်။

ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးချုပ်၌ ၎င်းရက်တွင် ပြုလုပ်သည့် ပါတီရုံး ဖောက်ထွင်းခံရမှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးခွန်းများအား ဖြေကြားရာတွင် ဗဟိုကော်မတီဝင် ဒေါ်ခင်စန်းလှိုင်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

NLD ပါတီ ဗဟိုကော်မတီဝင် ဒေါ်ခင်စန်းလှိုင်က “GSC မှာ ပါတာကတော့ တစ်ခြား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်မတို့ရဲ့ ဗဟိုကနေပြီး‌တော့မှ ဆုံးဖြတ်ပြီးတော့ ကျွန်မတို့ တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ပါဘူး။ အဲ့ဒီအတွက်ကြောင့် GSC ထဲမှာ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို့ အမည်တပ်ထားတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်မတို့ ပါတီကနေ လုံးဝ တာဝန်မခံပါဘူး ” ဟု ဖြေကြားခဲ့ကြောင်း သိရသည်။

General Strike Committee (GSC) ခေါ် အထွေထွေသပိတ်ကော်မတီကို စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဘုံသဘောတူညီချက် အချက် သုံးချက်ဖြင့် ဖေဖော်ဝါရီ ၂၀ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါ GSC ၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားမှုအရ အဖွဲ့အစည်းပေါင်း ၂၉ ဖွဲ့ ပါဝင်ဖွဲ့စည်းထားကြောင်း သိရပြီး ယင်းအဖွဲ့အစည်းထဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လည်း ပါဝင်ကြောင်း ဖော်ပြထားသည်။


READ NEXT
Cancel OK