Top News

မြန်မာအရေး ဆွေးနွေးရန် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထိုင်းနိုင်ငံသို့ ရောက်ရှိ
24htopnews | October 16, 2024 11:12 AM CST

ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော် အာဏာသိမ်းခဲ့ရာမှ စတင်ခဲ့သော အကျပ်အတည်းကို ဖြေရှင်းရန် မြန်မာအိမ်နီးချင်းနိုင်ငံများက အရှိန်အဟုန်မြှင့်ကြိုးစားနေချိန် မြန်မာတပ်မတော်က ခန့်အပ်ခဲ့သော နိုင်ငံခြားရေးဝန်ကြီးသည် ယနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) တွင် ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့သည်ဟု ထိုင်းအစိုးရသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သောပြည်သူများ မြန်မာနိုင်ငံတစ်ဝန်းရှိ လမ်းများပေါ်ကို ထပ်မံရောက်ရှိလာချိန်တွင် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်သည် အာဆီယံနိုင်ငံများ၏ သံတမန်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးရန် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ၎င်းသတင်းရင်းမြစ်က ဆိုပါသည်။

အခြားသော အရှေ့တောင်အာရှနိုင်ငံများ၏ အကူအညီဖြင့် အကျပ်အတည်းထဲမှ ထွက်သည့် လမ်းကြောင်းဆီ ဦးတည်သော ကြိုးပမ်းမှုများတွင် အင်ဒိုနီးရှားက ဦးဆောင်ထားသည်ဆိုသော်လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်ကို ဖေဖော်ဝါရီ ၂၄ ရက် စောစောပိုင်းတွင် ပယ်ဖျက်လိုက်ခြင်းနှင့်အတူ အင်ဒိုနီးရှား၏ အကြံအစည်များ တုံ့ဆိုင်းသွားပုံရသည်။

ထိပ်တိုက်တွေ ့ဆုံမှုကြောင့် ပြည်သူများ အသက်ဆုံးရှုံးနိုင်ကြောင်း အာဏာပိုင်များက သတိပေးနေသော်လည်း အာဏာသိမ်းမှုကို ပြစ်တင်ရှုံ့ချရန်နှင့် ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ယခုသီတင်းပတ်တွင် ကြီးမားသော လူစုလူဝေးများကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် အထွေထွေသပိတ်ကို လည်းကောင်း မြင်တွေ ့ခဲ့ရသည်။

ဆန္ဒပြပွဲများနှင့် Civil Disobedience Movement (CDM) တို့က မြန်မာပြည်သူတို ့၏လူမှုဘဝကို အခက်အခဲ တွေ ့စေခြင်းနှင့်အတူ အင််ဒိုနီးရှားနိုင်ငံက နည်းလမ်းရှာဖွေပေးရန် ကြိုးစားနေခြင်းဖြစ်သည်။ ဗိုလ်ချုပ်များက မျှတသောရွေးကောက်ပွဲများကို ကျင်းပပေးမည်ဆိုသည့် ၄င်းတို့၏ ကတိအတိုင်းတည်စေရန် စောင့်ကြည့်လေ့လာသူများကို စေလွှတ်၍ အာဆီယံအဖွဲ ့ဝင်နိုင်ငံများကို ဗဟိုပြုသော အစီအမံတစ်ခုကို အင်ဒိုနီးရှားက အဆိုပြုထားသည်ဟု ဆိုသည်။


READ NEXT
Cancel OK