
မြန်မာတပ်မတော်က ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်တနိုမာဆူဒီတို ့ဘန်ကောက်မြို့တွင် တွေ ့ဆုံခဲ့သည်ဟု ယနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က အတည်ပြုခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တာနီဆန်ဂရက်က Messaging App မှတဆင့် သတင်းထောက်များကို မှတ်ချက်ပေးခဲ့ခြင်းဖြစ်သော်လည်း အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။
ဖေဖော်ဝါရီ၁ရက်တွင် တပ်မတော် အာဏာသိမ်းခဲ့ရာမှ စတင်ခဲ့သော အကျပ်အတည်းကို ဖြေရှင်းရန် မြန်မာအိမ်နီးချင်းနိုင်ငံများက အရှိန်အဟုန်မြှင့်ကြိုးစားနေချိန် မြန်မာတပ်မတော်က ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်သည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်းမှုကို ဆန့်ကျင််သည့်ပြည်သူများ မြန်မာနိုင်ငံတစ်ဝန်းရှိ လမ်းများပေါ်ကို ထပ်မံရောက်ရှိလာချိန်တွင် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်သည် အာဆီယံနိုင်ငံများ၏ သံတမန်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးရန် ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
တခြားအရှေ ့တောင်အာရှနိုင်ငံတွေရဲ့ အကူအညီဖြင့် အကျပ်အတည်းထဲကထွက်သည့် လမ်းကြောင်းဆီ ဦးတည်သော ကြိုးပမ်းမှုများတွင် အင်ဒိုနီးရှားက ဦးဆောင်ထားသည်ဆိုသော်လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်ကို ဖေဖော်ဝါရီ ၂၄ ရက် အစောပိုင်းတွင် ပယ်ဖျက်လိုက်ခြင်းနှင့်အတူ အင်ဒိုနီးရှားအကြံအစည်များ တုံ့ဆိုင်းသွားပုံရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်