
ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံတွင် တပ်မတော်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံအား လက်နက်ကုန်သွယ်မှု တားမြစ်ပိတ်ပင်ရေးကို အဆောတလျင် ချမှတ်လုပ်ဆောင်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား တောင်းဆိုထားသည့် အိတ်ဖွင့်ပေးစာ တစ်စောင်တွင် နိုင်ငံပေါင်း ၃၁ နိုင်ငံမှ NGO အဖွဲ့ပေါင်း ၁၄၀ နီးပါးက ဖေဖော်ဝါရီ ၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
“ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို တုံ့ပြန်ဖို့နဲ့ အာဏာသိမ်း ခေါင်းဆောင်တွေကို အာဏာအလွဲသုံးစားမှုတွေ ထပ်လုပ်မယ့်အခြေအနေကို တားဆီးဖို့အတွက် မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ လက်နက်ကုန်သွယ်ခွင့် တားမြစ်ပိတ်ပင်မှုကို ချက်ချင်း ချမှတ်သင့်ပါတယ်”ဟု ယင်းအိတ်ဖွင့်ပေးစာတွင် ရေးသားခဲ့သည်။
တရုတ်၊ အိန္ဒိယ၊ အစ္စရေး၊ မြောက်ကိုရီးယား၊ ဖိလစ်ပိုင်၊ ရုရှားနှင့် ယူကရိန်း အပါအဝင် မြန်မာနိုင်ငံသို့ လက်နက်များ တင်ပို့ခွင့် ပေးထားသည့် အစိုးရများသည်လည်း မည်သည့် လက်နက်၊ ခဲယမ်း မီးကျောက်နှင့် ဆက်စပ်ပစ္စည်းမျိုးကိုမဆို ထောက်ပံ့နေမှုများကို ချက်ချင်းရပ်တန့်ရန် ယင်းစာတွင် ဖော်ပြခဲ့သည်။
ယင်းစာတွင် ဖော်ပြထားသည့် နိုင်ငံများအနက် သုံးနိုင်ငံမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အဖွဲ့ဝင် နိုင်ငံများဖြစ်ပြီး တရုတ်နှင့်ရုရှားသည် ဗီတိုအာဏာရှိနေသည့် လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများ ဖြစ်ပြီး၊ အိန္ဒိယသည် အမြဲတမ်းမဟုတ်သည့် အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။
“ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) တွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ၊ ဆယ်စုနှစ်တွေနဲ့ချီတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချမှုတွေကို ထောက်ရှုခြင်းအားဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံကို လက်နက်ကုန်သွယ်ခွင့် တားမြစ်ပိတ်ပင်မှု ချမှတ်နိုင်ပါတယ်” ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) မှ ညွှန်ကြားရေးမှူး ကန်နက်သ်ရို့သ်က ရေးသားခဲ့သည်။
“လုံခြုံရေးကောင်စီအနေနဲ့ ပစ်မှတ်ထား ချမှတ်တဲ့ ပိတ်ဆို့မှုတွေ၊ ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်မှုတွေနဲ့ တပ်မတော် ခေါင်းဆောင်ပိုင်းတွေနဲ့ တပ်မတော်က ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ပိုင်ဆိုင်မှုကို ပိတ်ပင်တာတွေလည်း ပြုလုပ်သင့်ပါတယ်”ဟု အာရှ NGO များ ဒါဇင်နှင့်ချီ ပါဝင်သည့် ယင်းအိတ်ဖွင့်ပေးစာတွင် ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်