
ခေတ်နှင့်လျော်ညီသော လိုအပ်ချက်များကို ထပ်မံဖြည့်စွက်ရေးဆွဲထားသည့် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေကြမ်းကို မေ ၁၈ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တင်သွင်းခဲ့သည်။
အဆိုပါဥပဒေကြမ်းမှာ ကမ္ဘာပေါ်တွင် အသစ်ဖြစ်ပွားလာသော ကူးစက်ရောဂါများ နှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းသို့ ရောဂါကူးစက်မှု မရှိစေရန်၊ ကူးစက်ဝင်ရောက်ခဲ့ပါက ပြန့်နှံ့မှုမရှိစေရေး၊ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အချိန်မီထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ပြောင်းလဲလာသော အခြေအနေများနှင့်အညီ ခေတ်နှင့်လျော်ညီသော ဥပဒေတစ်ရပ် ဖြစ်ပေါ်လာစေရန်အတွက် ကူးစက်ရောဂါများ ကာကွယ်ရေးနှိမ်နင်းဥပဒေကို ရုပ်သိမ်း၍ အသစ်ပြင်ဆင် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
“ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက် ၂၀၀၅ (International Health Regulation 2005) အပါအဝင် ခေတ်နှင့်လျော်ညီသော လိုအပ်ချက်များကို ထပ်မံဖြည့်စွက်၍ အသစ် ပြင်ဆင်ရေးဆွဲခဲ့ပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က ကိုယ်စားလှယ်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အပါအဝင် နှီးနွှယ်ဝန်ကြီးဌာနများနဲ့ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါများ တိုက်ဖျက်ရေးဌာနခွဲနဲ့ အခြားဌာနခွဲအသီးသီးမှ တာဝန်ရှိသူများ ဖိတ်ကြား၍ ညှိနှိုင်းအစည်းအဝေးများကျင်းပလုပ်ခဲ့ပြီး အကြံဉာဏ်များရယူ၍ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေမူကြမ်းကို အသစ်ပြင်ဆင်ရေးဆွဲခဲ့ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အဆိုပါဥပဒေကြမ်း၌ အခန်း ၁၁ ခန်း နှင့် ပုဒ် ၅၁ ခုပါဝင်ပြီး ဥပဒေပေါ်ပေါ်လာပါက ကူးစက်ရောဂါ ဖြစ်ပွားပြန့်နှံမှုနှင့် ကူးစက်ရောဂါ ကပ်အသွင်ဖြစ်ပွားမှုကို လျင်မြန်စွာ ထိန်းချုပ်ဆောင်ရွက်နိုင်ပြီး လိုအပ်သောစုံစမ်း စစ်ဆေးခြင်း၊ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း၊ တုန့်ပြန်ခြင်း၊ ရောဂါထိန်းချုပ်လုပ်ငန်းများ လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း ပိုမိုမြင့်မားကာ ကူးစက်ရောဂါဖြစ်ပွားနှုန်းများ ကျဆင်းမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်