
ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNU တပ်မဟာ (၅) အနေဖြင့် လူသစ်စုဆောင်းမှုများ ဆောင်ရွက်ခြင်းသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ အချက်များကို ဖောက်ဖျက်ခြင်းဖြစ်သဖြင့် သက်ဆိုင်ရာမှတစ်ဆင့် သတိပေးတားမြစ် ကန့်ကွက်သွားမည်ဖြစ်ကြောင်း မေ ၁၉ ရက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
KNU/KNLA တပ်မဟာ (၅) အဖွဲ့ အနေဖြင့် NCA တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ယခုကဲ့သို့ လူသစ်စုဆောင်းမှုများ ဆောင်ရွက်ခြင်းသည် NCA စာချုပ်ပါ အချက်များကို ဖောက်ဖျက်ခြင်း ဖြစ်သဖြင့် သက်ဆိုင်ရာမှတစ်ဆင့် သတိပေး တားမြစ်ကန့်ကွက် ဆောင်ရွက်သွားမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KNU/KNLA) တပ်မဟာ (၅) က လူသစ်စုဆောင်းမှုများ ဆောင်ရွက်ခြင်းကြောင့် ဒေသခံ ရွာသူ၊ ရွာသားများ ထွက်ပြေးတိမ်းရှောင်ရကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ မေ ၁၉ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသော ကျေးရွာသူ၊ ကျေးရွာသားများသည် မေ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကမမောင်းမြို့၊ လှိုင်းဘွဲမြို့နယ်နှင့် မြိုင်ကြီးငူ အထူးဒေသအတွင်းများသို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း သိရှိရသည်ဟု တပ်မတော်၏ မေ ၁၉ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဖြစ်စဉ်မှာ ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ KNU/KNLA တပ်မဟာ (၅) အဖွဲ့များက လူသစ်စုဆောင်းမှုများ ဆောင်ရွက်လာသဖြင့် မေ ၁၆ ရက်တွင် မဲကုလားကျေးရွာ၊ ကမ်းနားကျေးရွာ၊ ထီးဘောခို့ကျေးရွာ၊ ကျောက်သင်္ဘောကျေးရွာနှင့် ကျောက်ကွင်းကျေးရွာတို့မှ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း ၆၁ ဦးတို့သည် ကမမောင်းမြို့နယ် အတွင်းရှိ ၎င်းတို့၏ ဆွေမျိုးများ နေအိမ်အသီးသီးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် KNU/KNLA တပ်မဟာ (၅) ၏ လူသစ်စုဆောင်းမှုကြောင့် ကျောက်ကွင်းကျေးရွာ၊ ဇာကော့လုံကျေးရွာ၊ ကိုလူပျိုကျေးရွာ၊ မဲပလီခီးကျေးရွာတို့မှ ကျေးရွာသူ၊ ကျေးရွာသား ၄၆ ဦးတို့သည် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသ၊ လဲလွန်းမြိုင်ရပ်ကွက်ရှိ ဆွေမျိုး၊ မိတ်ဆွေများ၏ နေအိမ်များသို့ လည်းကောင်း၊ မေ ၁၇ ရက်တွင် မဲပလီခီးကျေးရွာနှင့် မဲကုလားကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသား ၂၁ ဦးသည် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသ၊ နန်းဟေမြိုင်ရပ်ကွက်ရှိ ဆွေမျိုး၊ မိတ်ဆွေများ၏ နေအိမ်များသို့ လည်းကောင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်