
ရှမ်းပြည်နယ်(တောင်ပိုင်း) အထူးဒေသ(၆) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရန်ကင်းစစ်ဒေသတွင် ပအိုဝ်းအမျိုးသား တပ်မတော် (PNA) ၏ စစ်သင်တန်းဆင်းပွဲကို စက်တင်ဘာ ၃၀ ရက်က အင်အားနှစ်သောင်း ကျော်ဖြင့် ပြုလုပ်ခဲ့ကြောင်း PNA က သတင်းထုတ်ပြန်ထားသည်။
ရန်ကင်းစစ်ဒေသတွင် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)က ဦးစီးဖွင့်လှစ်သော အခြေခံစစ်ပညာသင်တန်း အောင်ပွဲအခမ်းအနားကို စစ်အင်အား နှစ်သောင်းကျော်ဖြင့် ပြုလုပ်ရာတွင် အခမ်းအနားသို့ PNA စစ်ကော်မတီ ဒုတိယဥက္ကဌ ဖြားပီတာထွန်းနိုင်၊ PNA ဒုတိယစစ်ဦးစီးချုပ် ဦးခွန်နေဝင်းထွန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNA) အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေနှင့် ဒေသရပ်ရွာ ခေါင်းဆောင် အကြီးကဲများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သြဂုတ် ၂၁ ရက်ကလည်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ဒေသကာကွယ်ရေးနှင့် လုံခြုံရေးဆောင်ရွက်ရန်အတွက် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ၏ အမှတ်စဉ် (၁) စစ်သင်တန်းဆင်းပွဲ ကို သြဂုတ် ၂၁ ရက်က ပြုလုပ်ခဲ့ပြီး အင်အားတစ်သောင်းခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
PNO/PNA သည် ၁၉၉၁ ခုနှစ်က တပ်မတော်နှင့် ငြိမ်းချမ်းရေးရယူခဲ့ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အထူးဒေသ (၆) အဖြစ် အုပ်ချုပ်နေခြင်းလည်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်