
အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက် (NEP) တွင် ကျေးလက်မီးလင်းရေး မူဝါဒများကို စိစစ်ချမှတ် ဆောင်ရွက်နိုင်ရန် အစိုးရအား တိုက်တွန်းကြောင်းအဆို ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက တင်သွင်းခဲ့သည်။
နေပြည်တော်၌ နိုဝင်ဘာ ၁၄ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့တွင် ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံအဖြစ် တည်ဆောက်ရာတွင် ဦးစားပေးလုပ်ငန်း တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိသည့်် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံချက် (NEP) ၌ အခြေခံကျသည့် ကျေးလက်နေ ပြည်သူများ၏ လျှပ်စစ်မီးရရှိသုံးစွဲမှု မြှင့်တင်ရေးအတွက် ကျေးလက်မီးလင်းရေး လုပ်ငန်းများ ညီညွတ်မျှတပြီး တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးဖြစ်ပေါ်နိုင်အောင် ကျေးလက်မီးလင်းရေး မူဝါဒများကို စိစစ်ချမှတ်ဆောင် ရွက်နိုင်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
“နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ်သည် အစိုးရတိုင်း အကောင်အထည်ဖော် ရမယ့် လုပ်ငန်းစဉ်တစ်ခုဖြစ်သလို ပြည်သူအ များက လိုလားတောင့်တတဲ့ မျှော်လင့်ချက် များလည်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံသူ နိုင်ငံသားများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်အောင် အလေးထားဆောင်ရွက်ရေး သည် အစိုးရတိုင်းရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ လျှပ်စစ်စွမ်းအားကို နိုင်ငံသားတိုင်း ရရှိသုံးစွဲနိုင်ခွင့် ရရှိရေးသည် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်” ဟု ဦးသောင်းအေးက ပြောကြားသည်။
လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်ပြီး ယခင်အစိုးရ လက်ထက်က နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးနှင့် အကြံဉာဏ် ရယူရေးဆွဲခဲ့သည့် အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (NCDP) ၏ ပထမ ငါးနှစ်စီမံကန်းနှင့် ဒုတိယငါးနှစ် စီမံကိန်းတွင် လျှပ်စစ်ကဏ္ဍကို ဦးစားပေးအဖြစ် ထားရှိခဲ့ကြောင်း၊ ကမ္ဘာ့ဘဏ်၏ အကူအညီရယူပြီး အမျိုးသား လျှပ်စစ်စီမံကိန်း (NEP) ကို အကောင်အထည်ဖော်ရန် ၂၀၁၃ ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ် သြဂုတ် ၂၅ ရက်တွင် အဆိုပါစီမံကိန်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ကာ နိုဝင်ဘာ ၃ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် အခက်အခဲများစွာကို ကျော်လွှားဆောင်ရွက်ရလျက် ရှိသည်ကို ဝန်ကြီးဌာန၏ တင်ပြချက်များအရ သိခဲ့ရပြီး ဖြစ်ကြောင်းနှင့် ကျေးလက်မီးလင်းရေးအတွက် ဓါတ်အားလိုင်းနှင့် ခွဲရုံများကို အကန့်အသတ်ဖြင့်သာ ဆောင်ရွက်ခဲ့ရသည့်အတွက် ဓာတ်အားလျင်မြန်စွာ ရလိုကြသည့် ကျေးရွာများအတွက် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခွင့်ကို ဝန်ခံကတိပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။
ဆက်လက်ပြီး လက်ရှိနိုင်ငံတော်၏ လျှပ်စစ်စွမ်းအား ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာပါက တစ်နိုင်ငံလုံး ကျေးရွာပေါင်း ၆၃၇၂၉ ရွာရှိသည့်အနက် ၂၀၁၈ ခုနှစ် ဇူလိုင်စာရင်း အရ ကျေးရွာပေါင်း ၁၃၀၆၂ ရွာ လျှပ်စစ်မီး ရရှိထားပြီး လျှပ်စစ်မီးမရသေးသော ရွာ ပေါင်း ၅၀၆၆၇ ရွာကျန်ရှိနေပြီး အဆိုပါလျှပ် စစ်မီးရရှိထားသော ကျေးရွာများတွင် ကျေးရွာ ၈၂၅၆ ရွာ ရာခိုင်နှုန်းအားဖြင့် ၆၃ ရာခိုင် နှုန်းကျော်သည် ကျေးလက်မီးလင်းရေး ကော်မတီများ၏ ပါဝင်ပူးပေါင်း လုပ်ဆောင်ချက်ဖြင့် လျှပ်စစ်မီး ရရှိနေခြင်းဖြစ်ကြောင်း ဦးသောင်းအေးက ပြောကြားသည်။
ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး တင်သွင်းသော အဆိုကို သာစည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးက ထောက်ခံခဲ့ပြီး လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်အဆုံးအဖြတ် ရယူရာတွင် လက်ခံဆွေးနွေးရန် သဘောတူညီခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်