
ရှမ်းပြည်နယ်(မြောက်ပိုင်း) မုံကိုးနယ်မြေအတွင်း MNDAA နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အရာရှိငယ်တစ်ဦးနှင့် စစ်သည်အချို့ကျဆုံးပြီး လက်နက်ခဲယမ်းအချို့ ပျောက်ဆုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) မုံကိုးနယ်မြေအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လုံခြုံရေးတာဝန် ထမ်းဆောင်နေစဉ် ၂၀၂၁ ခုနှစ် သြဂုတ် ၂၈ ရက် မွန်းတည့် ၁၂ နာရီနှင့် ညနေ ၄ နာရီခန့်၌ မုံကိုးမြို့၏ အရှေ့တောင်ဘက် မီတာ ၅၃၀၀ နှင့် မီတာ ၅၅၀၀ ခန့် အရောက်တွင် MNDAA လက်နက်ကိုင် သောင်းကျန်သူများက ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ခဲ့ရာ ရန်သူများ အနောက်တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း၊ ဖြစ်စဉ်တွင် အရာရှိငယ်တစ်ဦးနှင့် စစ်သည်အချို့ကျဆုံးပြီး လက်နက်ခဲယမ်းအချို့ ပျောက်ဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မုံးကိုးတိုက်ပွဲဖြစ်စဉ်တွင် တပ်မတော်သားများထံမှ လက်နက်များရရှိခဲ့သည့် ဗီဒီယိုရုပ်ဖိုင်နှင့်အတူ ယင်းတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် စစ်သည်များ ကျဆုံးခဲ့သည်ဟု အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည့်အပြင် အွန်လိုင်းမီဒီယာအချို့တွင်လည်း သတင်းဖော်ပြမှုများရှိခဲ့သည်။
ယခုရက်ပိုင်းအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ အများအပြား ကျဆုံးနေသည့် မမှန်သတင်းများအား နေ့စဉ်ဝါဒဖြန့်ချိနေကြောင်း၊ အထက်ပါကဲ့သို့ မမှန်သတင်းများ ထုတ်ပြန်ခြင်း၏ ရည်ရွယ်ချက်သည် PDF များ စိတ်ဓာတ်တက်ကြွလာပြီး အဖျက်အမှောင့်လုပ်ငန်းများနှင့် သတ်ဖြတ်မှုလုပ်ငန်းများအား ပိုမိုလုပ်ကိုင်လာစေရန် ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ယင်းသတင်းဖော်ပြမှုများအား တုံ့ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်