
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်၌ ဆွေးနွေးမှုများတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးမည် မဟုတ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။
ဇူလိုင် ၃၀ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး လျာထားချက် ထွက်ပေါ်လာချိန်တွင် တပ်မတော်သား ကိုယ်စားလှယ် အမည်စာရင်း ပါဝင်လာခြင်း မရှိသည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များထံ စုံစမ်းမေးမြန်းရာတွင် ပါဝင်ဆွေးနွေးခြင်း မပြုတော့ ဟုသိရကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။
ဇူလိုင် ၁၅ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သော ပြင်ဆင် (ဖြည့်ရန်) ရန် အချက်ပေါင်း ၃၇၀၀ ကျော် ပါဝင်သော အစီရင်ခံစာကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်သွင်းခဲ့ခြင်းဖြစ်ကာ ဆွေးနွေးမည့် ကိုယ်စားလှယ် အမည်စာရင်းအား ဇူလိုင်၂၂ ရက်တွင် လွှတ်တော်ရုံးသို့ ပေးခဲ့ရပြီး ဇူလိုင် ၃၀ ရက်တွင် ယင်းအချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၇၈ ဦး၊ ပြည်ခိုင်ဖြိုးပါတီမှ ၂၇ ဦး၊ NLD ပါတီမှ ခြောက်ဦး၊ ANP ပါတီမှ ငါးဦး၊ SNLD ပါတီမှ သုံးဦး၊ NUD ပါတီ၊ TNP ပါတီ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီတို့ က တစ်ဦးစီနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး စုစုပေါင်း ၁၂၅ ဦး ဆွေးနွေးရန် စာရင်းပေးထားကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဌာနမှ ဇူလိုင် ၂၃ ရက်တွင် သိရသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန်အဆိုအား ဖေဖော်ဝါရီ ၆ ရက်တွင် လွှတ်တော်က ဆွေးနွေး အတည်ပြုခဲ့ပြီးနောက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦး အပါအဝင် နိုင်ငံရေးပါတီများ၊ တစ်သီပုဂ္ဂလ ကိုယ်စားလှယ်များ စုစုပေါင်း ၄၅ ဦးပါဝင်သည့် ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီတွင် ပါဝင်ခဲ့သော်လည်း ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် တင်ပြခဲ့ခြင်းမရှိဘဲ သဘောထားမှတ်ချက် သုံးချက်သာ ပေးခဲ့သည်။
ယင်းသဘောထားများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်း ဆောင်ရွက်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ နှင့် ကိုက်ညီခြင်း မရှိသောကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကော်မတီဖွဲ့စည်းရန် အဆိုတင်သွင်းစဉ်ကပင် ကန့်ကွက်ခဲ့ပြီး ဖြစ်ကြောင်း၊ သို့ရာတွင် ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ် အတည်ပြုပြီး အဆိုပါ ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်၍ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသောအားဖြင့် ပါဝင် တက်ရောက်ခဲ့ကြောင်းနှင့် ထိုသို့ တက်ရောက်စဉ်တွင်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ရန် အဆိုပြုချက်များ တင်သွင်းခြင်း၊ သဘောထား မှတ်ချက်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်း မရှိပါ။ ယခု ပူးပေါင်းကော်မတီ၏ အစီရင်ခံစာဆိုင်ရာ လုပ်ငန်းစဉ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ ပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ဆိုင်ရာပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိကြောင်း စသည်တို့ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်