
AA အဖွဲ့၏ ကောလာဟလ ထုတ်လွှင့်မှုများအပေါ် ဒေသခံပြည်သူ လူထုအနေဖြင့် ယုံကြည်ခြင်း မပြုကြရန်နှင့် ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အပါအဝင် အုပ်ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်၊ လုံခြုံရေး အဖွဲ့အစည်း အဆင့်ဆင့်တို့ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ မှတစ်ဆင့် အသိပေး နှိုးဆော်ထားကြောင်း ဇူလိုင် ၂၈ ရက်တွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တိုက်တွန်းချက် ထုတ်ပြန်သည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည့် တိုက်တွန်းချက်တွင် ရခိုင်ပြည်နယ်သည် ၂၀၁၅ ခုနှစ် မတိုင်မီကာလ ရခိုင်ပြည်နယ် မြောက်ခြမ်းရှိ ဘူးသီးတောင်၊ မောင်တောဒေသတွင် ARSA အကြမ်းဖက် သောင်းကျန်းသူ လှုပ်ရှားမှုမှအပ ကျန်ဒေသများသည် တည်ငြိမ်အေးချမ်းခဲ့သော အဖြူရောင်နယ်မြေ ဖြစ်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် မတ်လမှစ၍ ရခိုင်ပြည်နယ်အတွင်းသို့ AA အဖွဲ့ စတင် ဝင်ရောက်လာပြီး ရခိုင်ပြည်နယ် မြောက်ဘက်ခြမ်းဒေသများ၌ တည်ငြိမ်အေးချမ်းမှုများ ပျက်ပြားလာခဲ့ကြောင်း ဖော်ပြထားသည်။
AA အဖွဲ့အနေဖြင့် ၎င်းဒေသများ၌ အစိုးရ၏ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး နှင့် လုံခြုံရေး ယန္တရားများအား အဓိက ပစ်မှတ်ထားလျက် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာလုံခြုံရေး ဆောင်ရွက်နေသည့် ရဲစခန်းများအား တိုက်ခိုက်ခြင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်း၊ တာဝန် မထမ်းဆောင်နိုင်အောင် ဖိအားပေးခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများအား မိုင်းထောင်၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းများ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိအချိန်တွင် AA အဖွဲ့အနေဖြင့် တပ်မတော်က ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်မည်၊ မီးရှို့ဖျက်ဆီးမည် စသည့် ကောလာဟလများ ထုတ်လွှင့်လျက် ရိုးသားသည့် ဒေသခံပြည်သူများ ကြောက်ရွံ့ထိတ်လန့်၍ ကျေးရွာများ မှ ထွက်ပြေးစေရန်နှင့် ဒေသအတွင်း မတည်ငြိမ်မှု ပိုမို ဖြစ်ပွားလာစေရန် ရည်ရွယ်၍ ဆက်တိုက် လုပ်ဆောင်လျက် ရှိသည်ကို တွေ့ရကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ခမောင်းဝရွာနှင့် ကင်းတလင်းရွာမှ ကျေးရွာသူ/သား ၁၂၀ ကျော်အား တပ်မတော်မှ မကြာမီ လေယာဉ်ဖြင့် ဗုံးလာကြဲမည်ဖြစ်၍ ဘေးကင်းရာသို့ ပို့ပေးမည်ဟု ကောလာဟလများ ထုတ်လွှင့်ပြောဆိုလျက် တစ်ဖက်နိုင်ငံသို့ အတင်းအကျပ် ခေါ်ဆောင်သွားခဲ့ရာ ယနေ့အထိ ၎င်းကျေးရွာသူ/သား အများစု ပြန်လည် လွတ်မြောက်လာသေးခြင်း မရှိဘဲ ဒုက္ခရောက်လျက်ရှိသည် တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
တပ်မတော်အနေဖြင့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်ဖွဲ့စည်းထားပြီး နိုင်ငံတော် ကာကွယ်ရေးနှင့် တိုင်းရင်းသား ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် တာဝန် ထမ်းဆောင်နေသည့် တရားဝင် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ အနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ စစ်ဘက်ဥပဒေ၊ နယ်ဘယ် ဥပဒေများကို တိကျစွာ လိုက်နာ ကျင့်သုံးနေကြသူများ ဖြစ်ကြောင်း၊ စစ်ဆင်ရေးနှင့် လုံခြုံရေး တာဝန်ထမ်းဆောင်ရာတွင်လည်း တပ်မတော်သားတိုင်း လိုက်နာကျင့်သုံးရမည့် စစ်သည်တော် ကျင့်ဝတ် ၆၀ ၊ ထိတွေ့ တိုက်ခိုက်မှု စည်းမျဉ်း (ROE)၊ ဂျီနီဗာကွန်ဗန်းရှင်း လေးရပ်၏ ဘုံအာတီကယ်-၃ နှင့် စစ်ပွဲဆိုင်ရာ ဥပဒေ (Law of War) ၏ အခြေခံမူ သဘောတရားများအတိုင်း လိုက်နာကျင့်သုံးလျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ အခြေအနေတွင် AA အဖွဲ့အနေဖြင့် ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံပြည်သူ လူထု၏ ထောက်ခံမှု ကျဆင်းလာမှု၊ စစ်ရေးအရ အရေးနိမ့်လာမှုတို့ကြောင့် ရိုးသားသည့် ဒေသခံ ပြည်သူလူထုအတွင်း မငြိမ်မသက်မှုများ ဖြစ်ပွားစေရေး ရည်ရွယ်လျက် ကောလာဟလများ ဆက်တိုက် ထုတ်လွှင့် ဖြန့်ချိလျက်ရှိကြောင်း၊ ထို့ပြင် AA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် ၎င်းကောလာဟလများအပေါ် အခြေခံ၍ တပ်မတော်က လုပ်ဆောင်သယောင် အသွင်ရယူလျက် ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ရေကြောင်းမှ သွားလာနေသည့် ရေယာဉ်နှင့် သင်္ဘောများအား နှောင့်ယှက်ပစ်ခတ် ဖျက်ဆီးခြင်းများနှင့် အခြားအဖျက်အမှောင့် လုပ်ငန်းများ ပြုလုပ်လာနိုင်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်