
တရားသူကြီးများ တရားခွင်၌ ကျမ်းသစ္စာပြုရမည့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း သဘောတူခဲ့ပြီး ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၌ အတည်ပြုခဲ့ကြောင်း သိရသည်။
နေပြည်တော်၌ ဇူလိုင် ၃၁ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် အဆိုပါ ဥပဒေကြမ်း ပြင်ဆင်ချက် အဆိုအား ဆွေးနွေးခြင်းနှင့် လွှတ်တော်အဆုံးအဖြတ်ရယူ အတည်ပြုခဲ့ခြင်းဖြစ်သည်။
ထိုသို့အတည်ပြုရာတွင် ဥပဒေကြမ်း၏ ပုဒ်မ ၂၃ ပုဒ်မခွဲ(ဂ)(၂) ပုဒ်မခွဲငယ်(၁)အရ ရွေးချယ်ခန့်ထားခြင်း ခံရသည့် တရားသူကြီးများက နေ့စဉ်တရားခွင်တက်ရန် စတင်ဆောင်ရွက်သည့် အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာပြုရန် စီစဉ်ဆောင်ရွက်ရမည်ဟု အမျိုးသားလွှတ်တော်က အတည်ပြုထားသည့်အပြင် ခြွင်းချက်အနေဖြင့် တရားသူကြီးများသည် ဥပဒေတစ်ရပ်ရပ်အရ ကျမ်းသစ္စာပြုရန် ကင်းလွတ်ခွင့်ရှိသူ ဖြစ်ပါက ကတိသစ္စာပြုရန် စီစဉ်ဆောင်ရွက်ရမည်ဟု အသစ်ဖြည့်စွက် အတည်ပြုထားခြင်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီကလည်း သဘောတူထားပြီး ပြည်သူ့လွှတ်တော်ကလည်း အတည်ပြုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဥပဒေကြမ်း၏ ပုဒ်မ ၂၃(က)နိုင်ငံတော်သမ္မတက ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ရွေးချယ်ခန့်ထားခြင်း ခံရသူများသည် စတင်တာဝန် မထမ်းဆောင်မီ ပြည်ထောင်စု လွှတ်တော်နာယက ရှေ့မှောက်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာ ပြုရမည်ဟူသော အမျိုးသားလွှတ်တော်၏ အတည်ပြုချက်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက စတင်တာဝန် မထမ်းဆောင်မီအစား စတင်တာဝန် ထမ်းဆောင်ခြင်း မပြုမီဟု ပြောင်းလဲပြင်ဆင်ထားပြီး ပြည်သူ့လွှတ်တော်ကလည်း အတည်ပြုခဲ့သည်။
ထို့ပြင် ပုဒ်မ ၂၃(ခ)တွင် နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် ရွေးချယ်ခန့်ထားခြင်း ခံရသူများသည် စတင်တာဝန် မထမ်းဆောင်မီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရမည်ဟု အမျိုးသား လွှတ်တော်က အတည်ပြုချက်နှင့် ပတ်သက်၍လည်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အထက်ပါအတိုင်း စကားရပ်ကို အစားထိုး ပြောင်းလဲထားခြင်းအပေါ် ပြည်သူ့လွှတ်တော်ကလည်း သဘောတူ အတည်ပြုခဲ့သည်။
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး နေပြည်တော်၌ ဇူလိုင် ၁၅ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်