
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ပါတီက အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနေရာအပါအဝင် ရှမ်းနှင့် ကချင်ပြည်နယ်တွင် မြို့နယ် ၃၅ ခု၌ နေရာ ၁၂၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
SNDP ပါတီအနေဖြင့် ရှမ်းပြည်နယ် တွင် မြို့နယ် ၃၀ ၊ ကချင်ပြည်နယ်တွင် လေး မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် ရှမ်း တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတစ်နေရာ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၂၀ ခန့်ယှဉ်ပြိုင်ရန် လျာထားသည်။
“ဒီတစ်ခေါက်တော့ တစ်ဝက်လောက်တော့ ရမယ်လို့မျှော်လင့်ချက်ထားတယ်။ အားလုံး ၁၁၅ နဲ့ ၁၂၀ နေရာကြားလောက်တော့ ရှိမယ်။ အခုထက်ထိ စည်းရုံးရေးကာလ ဘယ်ချိန်ဘယ်ကာလ ဘယ်ရက်ဆိုတာ မသိ ရသေးလို့ အခက်အခဲတော့ရှိတယ်။ ဆင်းပြီး တော့ ကမ်ပိန်းပဲလုပ်ရတာပေါ့။ အွန်လိုင်းကို အားကိုးရတာပေ့ါ။ ပွင့်ပွင့်လင်းလင်းဖြစ်စေ ချင်တယ်” ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP)ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။
ထို့ပြင် SNDP ပါတီအနေဖြင့် မိတ်ဖက် အဖွဲ့အစည်းပါတီများအဖြစ် ရှမ်းပြည်နယ်အတွင်း၌ LSSEP ၁၀ ပါတီရှိကြောင်း၊ ပြည်ထောင်စုအဆင့်တွင် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း(NBF)တွင် ပါတီ ၂၀ ခန့်ရှိ ကြောင်း ၎င်းက ဆိုသည်။
“ပြည်သူလူထုကို ပြောချင်တာက စာလုံးမည်းမည်းကြီးနဲ့ ရေးလိုက်ပါ။ အသက်၁၈ နှစ်ကျော်တဲ့သူ ကျားမ မရွေး၊ နိုဝင်ဘာ ၈ ရက်မှာ ထွက်လာပြီးတော့ ကိုယ်ကြိုက်တဲ့ ပါတီကို မဲထည့်ပါ။ တိုင်းပြည်ရဲ့အပြောင်းအ လဲပဲလေ။ မထည့်နဲ့လို့တော့ မလုပ်ပါနဲ့။ ကိုယ် ရွေးရမယ့် အစိုးရအဖြေပေါ်မယ်။ လွတ်လွတ် လပ်လပ်မဲထည့်ပါလို့ တိုက်တွန်းမေတ္တာရပ်ခံချင်တယ်” ဟု SNDP ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ပါတီကို ၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်လုံး၌ ကိုယ်စားလှယ် ၅၈ ဦး အနိုင်ရရှိခဲ့ကာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အခြေအနေ အရပ်ရပ်ကြောင့် ကိုယ်စားလှယ်တစ်ဦးသာ အနိုင်ရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်