
ဝန်ကြီးဌာန၏ ရှင်းလင်းတင်ပြချက်အရ ၂၀၂၀ ပြည့်နှစ် မတ် ၃၁ အထိ ပြည်ပ ကြွေးမြီ လက်ကျန်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော်ရှိသော်လည်း ထပ်မံချေးယူမှုများကြောင့် အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ ကျော်အထိ ရှိလာမည်ဖြစ်ကြောင်း တပ်မ တော်သား အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးဝင်းလွင်ဦးက ဆွေးနွေးခဲ့ သည်။
ဇူလိုင် ၂၇ ရက်က ကျင်းပသည့် ပြည် ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော COVID-19 ၏ သက်ရောက်မှုများကို တုံ့ ပြန်ခြင်းနှင့် အသုံးစရိတ်ဆိုင်ရာ အထောက် အပံ့အစီအစဉ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ချေးယူရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၌ ဆွေးနွေးရာတွင် ဗိုလ်မှူးဝင်းလွင်ဦးက အထက်ပါအတိုင်း ထည့်သွင်းဆွေး နွေးခဲ့ခြင်းဖြစ်သည်။
“ဝန်ကြီးဌာနရဲ့ရှင်းလင်းတင်ပြချက် အရ ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်အထိ ပြည်ပကြွေးမြီ လက်ကျန်ငွေ အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၂၃၄ ဘီလျံ ရှိတယ်လို့ သိရပါတယ်။ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ၁၅ ကြိမ်မြောက်မှ ယနေ့အထိ ဝန်ကြီးဌာနမျိုးစုံက ထပ်မံချေးယူခဲ့တာက တော့ အမေရိကန်ဒေါ်လာ ၂၈၃၃ ဒသမ ၁၀၆ သန်း၊ ယူရို ၈၇ ဒသမ ၈၇၆ သန်း၊ ဂျပန် ယန်း ၁၂၀ ဒသမ ၇၂၂ ဘီလျံ ရှိပါတယ်။ ဒါ ကြောင့် ပြည်ပေ<ကးမြီ စုစုပေါင်း အမေရိ ကန်ဒေါ်လာ ၁၃ ဒသမ ၀၇၆ ဘီလျံ၊ ဂျပန် ယန်း ၁၂၀ ဒသမ ၇၂၂ ဘီလျံနဲ့ ယူရို ၈၇ ဒသမ ၈၇၆ သန်းအထိ ရှိလာမှာဖြစ်ပါ တယ်” ဟု ဗိုလ်မှူးဝင်းလွင်ဦးက ပြောကြားသည်။
COVID-19 နှင့်ပတ်သက်ပြီး ပြည်ပ ချေးငွေများအနေနှင့် ကမ္ဘာ့ဘဏ်မှ Fast Track COVID-19 Facility ခေါင်းစဉ်နှင့် အမေရိကန်ဒေါ်လာ သန်း ၅၀၊ Essential Health Services Access Project မှ အမေ ရိကန်ဒေါ်လာ ငါးသန်း၊ ADB မှ Greater Mekong Sub-region Health Security Project မှ အမေရိကန်ဒေါ်လာ ခြောက်သန်း နှင့် Additional Financing အဖြစ် အမေရိ ကန်ဒေါ်လာ သန်း ၃၀၊ IMF ထံမှ အမေရိ ကန်ဒေါ်လာ သန်း ၇၀၀ နှင့် JICA ထံမှ လည်း Emergency Program Loanဖြင့် ဂျပန်ယန်း ၃၀ ဘီလျံ စသည်များကို ချေးယူ ထားပြီးသားဖြစ်ကြောင်း ဗိုလ်မှူးဝင်းလွင်ဦး က ပြောကြားသည်။
ဗိုလ်မှူးဝင်းလွင်ဦးက “အခု ADB က နေ ထပ်ချေးမယ့် အမေရိကန်ဒေါ်လာသန်း ၂၅၀ ဟာ Budget Support ပုံစံဖြစ်တဲ့အတွက် CERP Action Plan ရဲ့ ဘယ်ကဏ္ဍတွေကို အဓိကဦးစားပေးထောက်ပံ့မယ်ဆို တဲ့ ရှင်းလင်းတိကျတဲ့စီမံချက်တွေနဲ့ သေချာ စွာဆောင်ရွက်ဖို့ လိုပါတယ်” ဟု ပြောကြားသည်။
ချေးငွေရယူပြီး ဆောင်ရွက်သည့်ကိစ္စ များတွင် သုံးစွဲရန်သာမဟုတ်ဘဲ ဝင်ငွေရရှိ မှုနှင့် ပြန်လည်ပေးဆပ်ရမည့် အပိုင်းများကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး ပြန်လည် ရရှိလာမည့် ငွေကြေး၊ အကောင်အထည် ဖော်မည့်ကဏ္ဍနှင့် ပြည်သူများအပေါ် သက်ရောက်မည့် အကျိုးကျေးဇူးများကို နှိုင်းယှဉ် သုံးသပ်၍ ကြိုတင်တွက်ဆထားရန် ဗိုလ်မှူး ဝင်းလွင်ဦးက ဆွေးနွေးသည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းအတွက် ချေးငွေ၏ တစ်စိတ်တစ်ပိုင်းကို ကာကွယ်ဆေးနှင့်ပတ်သက်၍ သု တေသနပြုစမ်းသပ်မှုများ မပြုနိုင်သေးပါက လည်း ကာကွယ်ဆေး ဝယ်ယူရန်အတွက် သုံးစွဲရန် ဗိုလ်မှူးဝင်းလွင်ဦးက ဆွေးနွေး သည်။
“COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများအားလုံး နှေးကွေးလာပြီး ဝင်ငွေနည်းပါးခြင်း၊ ပြည်ပရောက်နိုင်ငံသားများရဲ့ လွှဲပို့ငွေ မရှိတော့ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းချရငွေ လျော့နည်းခြင်းတို့ကြောင့် ချေးငွေတွေဟာ အင်မတန်တန်ဖိုးကြီးမား ပါတယ်။ ဒီလိုစစ်တမ်းတွေအရ ဖြစ်လာမယ့် စီးပွားရေးသက်ရောက်မှုတွေကို တုံ့ပြန်နိုင် ဖို့ COVID-19 အလွန်ကာလမှာ အခြား နိုင်ငံများနည်းတူ ငွေကြေးသုံးစွဲမှု ပိုမိုကျပ်တည်းလာနိုင်တဲ့အတွက် အခု သုံးစွဲနေတဲ့ ချေးငွေတွေအားလုံး အလေအလွင့်မရှိဖို့ စိစိ စစ်စစ်နဲ့ ပွင်းလင်းမြင်သာစွာဆောင်ရွက် ရန် လိုအပ်ကြောင်း အကြံပြုလိုပါတယ်” ဟု ဗိုလ်မှူးဝင်းလွင်ဦးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်