
ကချင်ပြည်နယ် မန်စီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုယ်စားပြု ရွေးကောက်ပွဲယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်များအနက် နှစ်ဦးအား ပြန်လည်စိစစ်ပေးရန် မြို့နယ်အလုပ် အမှုဆောင်အဖွဲ့နှင့် ရွေးချယ်ရေးအဖွဲ့ဝင်များက တိုင်ကြားထားကြောင်း သိရသည်။
ထိုသို့တိုင်ကြားရခြင်းမှာ ဦးစားပေး လေးဦး ရွေးချယ်ရာတွင် တစ်ဦးမျှပါလာခြင်းမရှိဘဲ ယင်းတို့အနက် နှစ်ဦးမှာ ပြည်သူများ အနေဖြင့် လက်ခံရန်ခက်ခဲသည့် လွှတ်တော်ကိုယ်စားလှယ်များဖြစ်နေကြောင်း မြို့နယ် အလုပ်အမှုဆောင် ဒေါ်ထုရော်က ပြောကြားသည်။
“ဒီက ရွေးပေးတဲ့လူနဲ့ လွဲနေတာက လေးဦးပေါ့။ ဒါပေမဲ့ ရွေးစရာမရှိလို့ ရွေးပေးလိုက်လို့ ဒုတိယလူတွေက ပါလာတာ။ အဓိကက ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပေါ့။ ပြည်သူ့လွှတ်တော်အတွက် ရွေးပေးလိုက်တဲ့သူပေါ့။ သူက တရားမဝင်လုပ် ငန်းနဲ့ ဆက်စပ်တယ်ဆိုတာ တစ်မြို့လုံးက လူတွေသိထားတယ်လေ။ ပြည်နယ်လွှတ် တော် အမှတ် (၁) ကိုယ်စားလှယ်လောင်းက ခေါ်တာဆိုပြီး သိရတယ်။ အမှတ်(၁)လွှတ် တော်ကိုယ်စားလှယ်က ပညာတတ်မဟုတ် တာ။ နောက်ကြောင်း ရာဇဝင်မကောင်းတဲ့ ဟာတွေ ရှိတော့ ပါတီဝင်များက မရွေးစေ ချင်ဘူး။ အခုက အဲဒါတွေ ပြန်ပါလာတာကို အဓိကပေါ့” ဟု ဒေါ်ထုရော်က ပြောကြားသည်။
တိုင်ကြားခံရသည် မန်စီမြို့နယ် မဲဆန္ဒ နယ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းသည် လက်ရှိတွင်လည်း ယင်းမဲဆန္ဒ နယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာ ဝန်ထမ်းဆောင်နေသူဖြစ်သည်။
ဇူလိုင် ၂၄ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ တိုင်ကြားစာတွင် မဲဆန္ဒ နယ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းသည် အတန်းပညာ မတက်ဖူးခြင်း၊ သစ်ကုန်သည်၊ နွားကုန်သည်များနှင့် ဝင်ထွက် ဆက်ဆံလေ့ရှိခြင်း၊ ၂၀၁၂ ခုနှစ် မတိုင်မီက အရန်မီးသတ်ခေါင်းဆောင်ဖြစ်ပြီး သစ်ကား၊ နွားကားများမှ ဌာနဆိုင်ရာသို့ ငွေပေးဆောင်ရန် ငွေကြေးကောက်ခံသူဖြစ် ခြင်း၊ ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ၏ ကချင်ပြည်နယ်ခရီးစဉ်တွင် ၀ါးရင်းတုတ် အဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်ကြောင်း စသည့် အချက်များကို တိုင်ကြားစာတွင် ဖော်ပြထား သည်။
တိုင်ကြားခံရသူ ဦးမင်းမင်းက “တိုက်ခိုက်တယ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မကောင်းပြောကြတာပါ။ သစ် မှောင်ခိုဆိုတဲ့ကိစ္စက အရင်က လက်လုပ်လက်စားတွေက လုပ်စားကြရတာပဲ။ အခု မရှိတော့လည်း လယ်လုပ်နေကြရတာပဲ။ ကျွန်တော်တို့ကတော့ NLD အောင်နိုင်ရေးသည် နံပါတ်တစ်၊ နံပါတ်နှစ်၊ နံပါတ်သုံး ပါပဲ။ အရွေးမခံရတဲ့သူတွေက ပြန်ပြီးတိုက်ခိုက်ခံရမယ်ဆိုတာ အမေစုလည်း ပြောပြီးသားပါ။ ဒါမျိုးက ဘုရားတောင် လွတ်တာမှ မဟုတ်ဘဲနဲ့” ဟု ပြောကြားသည်။
ထို့ပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မိုင်းရာနှင့်ပတ်သက်၍ တိုင်ကြားစာတွင် ပါတီဝင်တစ်ဦး မဟုတ် ခြင်း၊ သစ်မှောင်ခိုကုန်သည်တစ်ယောက်ဖြစ်ကြောင်း၊ တရုတ်သစ်မှောင်ခို ကုန်သည်ကြီး များ၏ ဌာနေကိုယ်စားလှယ်ဖြစ်၍ ဌာနဆိုင်ရာများကို ထိန်းရန် တာဝန်ယူရသူဖြစ်ကြောင်း၊ ဒေသအခေါ် တာစူး (မှောင်ခိုလုပ်ငန်းတွင် ငွေဖြင့် လမ်းရှင်းရသူ) ဟု ခေါ်ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။
ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ ကချင်ပြည်နယ် NLD ပါတီဥက္ကဋ္ဌ ဦးမြသိန်း က “အခုတိုင်တာက ကျွန်တော်တို့ဆီ မရောက်ဘူး။ NLD ဗဟိုကတော့ ဒါတွေပြင်မလား။ မပြင်ဘူးလားဆိုတာတော့ စဉ်းစား ကြည့်ရတာ တစ်ခုပြင်တာနဲ့ အားလုံးလိုက်ပြင်နေကြရင် ပိုအကျိုးယုတ်မယ်။ သဘောထားတွေ ကွဲမယ်လို့ ယူဆမယ်ထင်တယ်။ အလွယ်တကူတော့ ပြင်ပေးဖို့ မလွယ်ဘူး။ ဒီမနက် သတင်းမှာတော့ ပြင်လို့ရတယ်ဆို တဲ့သတင်းကို သတင်းဌာနတစ်ခုရဲ့ Facebook မှာ ဖတ်ရတယ်။ ပြန်ပြင်ဖို့တော့ မလွယ်ဘူးပေါ့” ဟု ပြောကြားသည်။
ကချင်ပြည်နယ်တွင် ပြည်နယ်လွှတ်တော်အတွက် ၃၆ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၁၈ နေရာ၊ အမျိုးသားလွှတ်တော် အတွက် ၁၂ နေရာ၊ တိုင်းရင်းသားရေးရာ ဝန်ကြီး လေးနေရာဖြစ်ပြီး ၂၀၂၀ ရွေးကောက် ပွဲတွင် ပါတီ ၁၇ ခုမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်