
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည် ပါတီပေါင်း ၂၁ ပါတီရှိကြောင်း ပုသိမ်ခရိုင် ရွေးကောက်ကော်မရှင်အဖွဲ့ခွဲရုံးမှ သတင်းရရှိသည်။
ပုသိမ်ခရိုင်အတွင်း စာရင်းပေးသွင်းထားသည့် ပါတီ၂၁ ပါတီ ရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းတင်သွင်းမှုမှာမူ လက်ခံဆဲကာလဖြစ်သောကြောင့် ပါဝင်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းအရေအတွက်ကို သြဂုတ် ၁၇ ရက်မှသာ သိရှိနိုင်မည်ဖြစ်ကြောင်း ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောကြားသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ပုသိမ်ခရိုင်အတွင်း မဲပေးပိုင်ခွင့်ရှိသူ ၁၁ သိန်းကျော်ရှိကြောင်း၊ ယခု ၂၀၂၀ ရွေးကောက်ပွဲအတွက် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ပထမအကြိမ် ကြေညာခဲ့သည့် အခြေခံမဲဆန္ဒရှင် စာရင်းအရ ၁၁၇၇၂၀၀ ရှိသဖြင့် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၄၂၃၃၀ တိုးလာခဲ့ကြောင်း၊ မဲဆန္ဒရှင်အရေအတွက်မှာ ပြင်ဆင်ဖြည့်စွက်ခြင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်လာမှုများကြောင့် ပိုမိုများလာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ ကျွန်တော်တို့ကော်မရှင်အနေနဲ့ မဲဆန္ဒရှင်စာရင်း ပြုစုတယ်ဆိုကတည်းက ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရှိသူတိုင်း မဲစာရင်းမှာပါဝင်ရေး ကျွန်တော်တို့ ဦးစားပေးပါတယ်။ မဲစာရင်းမှာပါတဲ့ လူတိုင်းကလည်း ဒီရွေးကောက်ပွဲမှာ မဲပေးနိုင်အောင် ကျွန်တော်တို့ကော်မရှင်အနေနဲ့ အကောင်းဆုံး ဆောင်ရွက်ပေးထားပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေရဲ့ ရပိုင်ခွင့်ပေါ့။ အစိုးရတစ်ရပ်ကို ဖော်ဆောင်တဲ့အခါမှာ ကိုယ်နှစ်သက်တဲ့ ကိုယ်ကြိုက်တဲ့ အစိုးရတစ်ရပ် ဖော်ဆောင်ဖို့အတွက်ကတော့ ဒီမဲပေးခြင်းဟာ မိမိရဲ့လုပ်ပိုင်ခွင့်တစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ မဲဆန္ဒရှင်တိုင်းဟာ မဲစာရင်းမှာ ပါ မပါ ကို ကြည့်ပြီးတော့ မဲပေးတဲ့ရက်မှာ အားလုံးမဲပေးစေချင်ပါတယ်။ ကျွန်တော်တို့ ကော်မရှင်အနေနဲ့ကတော့ မဲပေးတဲ့သူ ရာနှုန်းပြည့်ပေးနိုင်အောင်လို့ ကြိုးစားနေပါတယ်။ ပြည်သူများအနေနဲ့ ကြိုတင်မဲပေးခွင့်ရှိသူကလည်း ကြိုတင်မဲပေးပြီး ကိုယ်တိုင်တိုက်ရိုက်ပေးနိုင်သူများလည်း လာရောက်မဲပေးပါလို့ ပုသိမ်ခရိုင် ရွေးကောက်ကော်မရှင်အဖွဲ့ခွဲအနေနဲ့ မေတ္တာရပ်ခံပါတယ်” ဟု ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောကြားသည်။
ပုသိမ်ခရိုင်အတွင်း မဲပေးပိုင်ခွင့်ရှိသူများအနက် ကရင်တိုင်းရင်းသားမဲဆန္ဒရှင် သုံးသိန်းကျော် (၃၁၃၂၄၈ ဦး)၊ ရခိုင်တိုင်းရင်းသားမဲဆန္ဒရှင် နှစ်သောင်းကျော် (၂၃၆၆၉ ဦး) တို့ပါဝင်ပြီး မဲရုံအရေအတွက် ၁၂၆၇ ရုံ ထားရှိမည်ဖြစ်ကာ ကျုံပျော်မြို့နယ်တွင် မဲရုံ ၂၂၃ ရုံဖြင့် အများဆုံးဖြစ်ကြောင်း ပုသိမ်ခရိုင် ရွေးကောက်ကော်မရှင်အဖွဲ့ခွဲရုံး စာရင်းများအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်