
မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ခြင်းကြောင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များ၏ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် စက်တင်ဘာ ၁၅ ရက်က ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရ သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို ကျင်းပပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယင်းအစည်းအဝေး၌ လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် နေပြည်တော်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်း၊ မဲရုံနေရာများ သတ်မှတ်ခွဲဝေ ခြင်း၊ မဲရုံသုံးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းခွဲဝေခြင်း စသည့် ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းစဉ်များကို စီစဉ်ဆောင်ရွက်သည့် ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း သတင်းထုတ်ပြန်မှုအရသိရသည်။
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတ သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပပေးရမည်ဖြစ်သည့်အတွက် မဲဆန္ဒရှင် ပြည် သူများ လွတ်လပ်ပြီး တရားဥပဒေနှင့်အညီ မဲပေးနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိ တွင် လုပ်ငန်းများဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေး မဲရုံနေရာများ သတ်မှတ်ခွဲဝေခြင်း၊ မဲရုံသုံးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းခြင်း စသည့် ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်း များကိုဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိမြို့နယ်များတွင် ဆောင်ရွက်နိုင်ရေး ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။
ထို့ပြင်နိုင်ငံသားများအနေဖြင့် ဥပဒေနှင့်အညီ လွတ်လပ်စွာ မဲပေးနိုင်ရန်အတွက် မဲပေးရာတွင် ပြည့်စုံရမည့် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူကတ် တစ်မျိုးမျိုးနှင့် အိမ်ထောင်စုဇယား ပုံစံ(၆၆/၆) များ ရှိကြရမည်ဖြစ်ကြောင်း၊ ပုံစံ(၆၆/၆)ရှိမှသာ မိမိနေထိုင်ရာဒေသ မဲစာရင်းတွင် ပါဝင်နိုင်မည်ဖြစ်ပြီး မဲစာရင်း တွင် ပါဝင်မှသာ မဲပေးနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ မဲပေးနိုင်ရေးအ တွက် တာဝန်ရှိသည့်ဌာနများမှ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန်လိုကြောင်းလည်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်။
ထို့အတူလာမည့် ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ်(PR)သို့ ပြောင်းလဲကျင့်သုံးမည်ဖြစ်သည့်အတွက် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာ မဲပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျယ်ကျယ် ပြန့်ပြန့် အသိပေးဟောပြော ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲရုံများ သတ်မှတ်ခွဲဝေရာတွင်လည်း ဝေးလံ ဒေသများနှင့် ခရီးသွားလာရန်ခက်ခဲသည့် ဒေသများအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်ညှိနှိုင်းတိုင်ပင်၍ သတ်မှတ်ပေးရန် လိုအပ်ကြောင်းတို့ကိုလည်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင်၊ ဒက္ခိဏသီရိခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များမှ ရွေးကောက်ပွဲအရာရှိများက မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်း၊ မဲရုံအရေအတွက်များ လျာထား သတ်မှတ်ခြင်းနှင့် မဲရုံသုံးပစ္စည်းများ လိုအပ်ချက်တို့နှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြခဲ့ကြောင်းနှင့် နေပြည် တော်ကောင်စီအဖွဲ့ဝင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများက အကြံပြုဆွေးနွေးကြကြောင်း သိရသည်။
ယင်းအစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန် ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်