
စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲရယူမှုစွဲချက်ဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆို၍ စွဲချက်တင်ထားသည့် အမှုနှစ်မှုအတွက် စစ်ဆေးရန် ကျန်ရှိနေသည့် သက်သေနှစ်အား ပယ်ချခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။
နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် စက်တင်ဘာ ၁၉ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၉ ရက် ရုံးချိန်းတွင် စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲရယူမှုစွဲချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂နှင့် ၄/၂၀၂၂ တို့အတွက် စစ်ဆေးရန်ကျန်ရှိနေသည့် တရားလိုပြသက်နှစ်ဦးကို ပယ်ချခဲ့ကြောင်း သိရသည်။
ယင်းအမှုများနှင့်ပတ်သက်၍ စက်တင်ဘာ ၂၀ ရက်တွင် ချိန်းဆိုထားသည့် ရုံးချိန်း၌ စွပ်စွဲရသူဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အား စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
အထက်ပါအမှုများနှင့်ပတ်သက်၍ နစကကထုတ်ပြန်သည့် ဦးမောင်ဝိတ်၏ ရုပ်သံထွက်ဆိုချက်တွင် ၎င်းအနေဖြင့် ၂၀၁၄ ခုနှစ်တွင် စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပြီး လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်များကို ငွေကြေးကူညီခြင်း၊ လှူဒါန်းခြင်းများဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင်အလုပ်လုပ်နေသည့် ဒေါ်ခင်ခင်ဦးနှင့်ရင်းနှီးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် မေလခန့်တွင် ဒေါ်ခင်ခင်ဦး၏ အကူအညီဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ကန်တော့ခဲ့ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အမေရိကန်ဒေါ်လာတစ်သိန်းကို စက္ကူလက်ဆောင်အိတ်အနက်ဖြင့် ထည့်သွင်း၍ ဦးရှောက်စန်းနှင့် ဦးလှမျိုးတို့ရှေ့၌ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း ပါရှိသည်။
ထို့အတူ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာတစ်သိန်းခွဲကို စက္ကူလက်ဆောင်အိတ်အနက်ထဲသို့ထည့်၍ ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင်လည်း အမေရိကန်ဒေါ်လာငါးသောင်းကို ဒေါ်အောင်ဆန်းစုကြည်အိမ်၌ ထပ်မံပေးအပ်ခဲ့ကြောင်း၊ ဧပြီလတွင်လည်း အမေရိကန် ဒေါ်လာနှစ်သိန်းခွဲကို ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်းနှင့် ယင်းသို့ပေးအပ်ချိန်တွင် အနားတွင် မည်သူမျှရှိမနေကြောင်းလည်း ဦးမောင်ဝိတ်က ထည့်သွင်းထွက်ဆိုထားသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စစ်ဆေးပြီးစီးသွားသည့် အမှုများအတွက် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရပြီး နေပြည်တော်အချုပ်ထောင်တွင် သီးခြားထားရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်