Top News

မိုခါမုန်တိုင်းဒဏ်သင့်သူများအတွက် အာဆီယံနိုင်ငံများက ပေးပို့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများသယ်ဆောင်လာသည့် လေယာဉ်နှစ်စီးရောက်ရှိ
24htopnews | September 28, 2024 4:12 PM CST

မိုခါမုန်တိုင်းဒဏ်သင့်သူများအတွက် အာဆီယံနိုင်ငံများက ပေးပို့သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများသယ်ဆောင်လာသည့် လေယာဉ်နှစ်စီး မေ ၂၁ ရက်က ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည်။

ယခုပထမသုတ်အဖြစ် ရောက်ရှိလာသည့် အကူအညီပစ္စည်းများမှာ အာဆီယံနိုင်ငံများမှ အမေရိကန်ဒေါ်လာ ၁၀၇၀၆၄  ခန့်မှန်းတန်ဖိုးရှိ ယာယီမိုးကာတဲများ၊ တာပေါ်လင်၊ Jerry Can၊ Shelter Repair Kit အပါအဝင် အခြားအရေးပေါ်သုံးပစ္စည်းများပါဝင်ပြီး တန်ချိန်စုစုပေါင်း ၃၄ ဒသမ ၆၉ တန်ကျော်ရှိကာ စင်ကာပူလေတပ်မှ C-130 နှစ်စင်းနှင့် B737-800F လေယာဉ်တို့ဖြင့် သယ်ဆောင်ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

အာဆီယံ၏ One ASEAN One Response အရ အာဆီယံနိုင်ငံများမှ ထောက်ပံ့မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်းများကို အာဆီယံအရေးပေါ်ထောက်ပံ့မှုစီမံခန့်ခွဲမှုစနစ် (Disaster Emergency Logistics System for ASEAN-DELSA) ၏ မလေးရှားနိုင်ငံ ဆူဘန်းမြို့နှင့် ထိုင်းနိုင်ငံချိုင်နတ်မြို့တို့ရှိ သိုလှောင်ရုံများမှ ပစ္စည်းများကိုထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား တပ်မတော်လေယာဉ်များဖြင့် စုစုပေါင်း ၁၉ ခေါက် ကူညီသယ်ယူပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခုရောက်ရှိလာသည့် အကူအညီပစ္စည်းများကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အာဆီယံညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management - AHA Centre) ၏ အမှုဆောင်ဒါရိုက်တာ မစ္စတာလီယန်မင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီးဦးအောင်ဝင်းသိန်းထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများကို မိုခါမုန်တိုင်းဒဏ်သင့်သူများထံသို့ ဆက်လက်ပေးပို့မည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK