
မြန်မာမီဒီယာများအတွက် နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲကို မေ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံပိုင်အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း ROSATOM တို့ စီစဉ်၍ ပြုလုပ်ခြင်းဖြစ်ပြီးသတင်းမီဒီယာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးက
“ဒီစင်တာမှာ ကျောင်းသား၊ လူငယ်တွေသာမက မိဘပြည်သူတွေအနေနဲ့လည်း ခေတ်မီနျူကလီးယားနည်း ပညာတွေကို လေ့လာဖို့ အခွင့်အလမ်းတွေ ရရှိလာမှာဖြစ်ပါတယ်။ အခုလိုမြန်မာနိုင်ငံအတွင်းက ကျောင်းသားကလေးသူငယ်တွေ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ နျူကလီးယားစွမ်းအင်နဲ့ ပတ်သက်တဲ့ လေ့လာမှုတွေကို စိတ်ဝင်တစားပြုလုပ်နေချိန်မှာ သူတို့ကို နျူကလီးယားစွမ်းအင်အပေါ် ယုံကြည်မှုတွေ၊ ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်မှာလည်း သတင်းမီဒီယာများသာဖြစ်ပါတယ်။ ဒါပေမဲ့မြန်မာနိုင်ငံမှာ နျူကလီးယားစွမ်းအင်နဲ့ ပတ်သက်လို့ ကြောက်ရွံ့မှုများနဲ့ သတင်းအမှားများရှိနေပါတယ်။ အခုအချိန်မှာ ဘေးအန္တရာယ်ကင်းရှင်းပြီး ယုံကြည်စိတ်ချမှုရှိတဲ့ နျူကလီးယားစွမ်းအင်နဲ့ပတ်သက်လို့ ရှင်းလင်းပြတ်သားကာ တိကျခိုင်မာမှုရှိတဲ့ သတင်းအချက်အလက်တွေကို မြန်မာ့သတင်း မီဒီယာတွေကို ပံ့ပိုးပေးချင်တဲ့အတွက် အခုလို အခမ်းအနားကို ကျင်းပရတာဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထို့နောက် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာ တာဝန်ခံဒေါက်တာ ဇော်လင်းဦးနှင့် STRANA ROSATOM မှ အယ်ဒီတာချုပ် YULIA GILEVA တို့က နျူကလီးယားနည်းပညာနှင့်ပတ်သက်၍ ဆွေးနွေတင်ပြခဲ့ကြောင်း သိရသည်။
နျူကလီးယားစွမ်းအင် အသုံးချရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် မော်စကိုမြို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ROSATOM တို့အကြား နျူကလီးယားစွမ်း အင်နယ်ပယ်ဆိုင်ရာ လေ့ကျင့်ရေးနှင့်ကျွမ်း ကျင်မှုအရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာနှင့် နျူကလီးယား စွမ်းအင်အပေါ် ပြည်သူလူထု၏ အပြုသဘောဆောင်သည့် သဘောထားအမြင်များရရှိစေရန်အတွက် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထို့ပြင် နျူကလီးယားနည်းပညာ အသုံးချနယ်ပယ် (၁၄)ခုမှာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကိုလည်း ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်ခဲ့သည့် နျူကလီးယားနည်းပညာသတင်း အချက်အလက်စင်တာဖွင့်ပွဲတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
နျူကလီးယားနှင့် ဓာတ်ရောင်ခြည်နည်းပညာများကို ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍများတွင် အသုံးချနိုင်သည့်အတွက် နိုင်ငံ၏ နျူကလီးယား အခြေခံအဆောက်အုံ တည်ထောင်နိုင်ရေးနှင့်ပတ်သက်၍ နှစ်ဖက်ကျွမ်းကျင်သူများ တွေ့ဆုံညှိနှိုင်း ဆွေးနွေးကာလိုအပ်သည့် နျူကလီးယားဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေး နှင့် အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းများကို ဆန်းစစ်လေ့လာပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)၏ မှတ်တိုင်ပါ အချက်(၁၉)ချက်အတိုင်း အကောင်အထည်ဖော်ဆောင် ရွက်ရန်အတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်