
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးနှင့်နတ်သံကွင်းသွား ကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား ယနေ့(ဇွန်လ ၆ ရက်) နံနက်အစောပိုင်းက မိုင်းခွဲခံရခြင်းကြောင့် တံတား ၆၅ ပေခန့် ကျိုးကျပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ထို့ပြင် စစ်တောင်းမြစ်ကူးတံတား မိုင်းထောင်ဖျက်စီးခံရမှုနှင့်အတူ ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ မနက် ၄ နာရီ ၄၀ လောက်မှာတော့ ဖြစ်စဉ်ဖြစ်တယ်။ အဲ့မှာတော့ တံတားရဲ့ ကမ်းကပ်ခုံ နှစ်ကန့်လောက်တော့ ကျိုးသွားတယ်။ တပ်မတော်က အင်ဂျင်နီယာတပ်ဖွဲ့နဲ့ ပြန်လည်ပြင်ဆင်ရေး အမြန်ဆုံးဆောင်ရွက်လျက် ရှိပါတယ်”ဟု The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
ဇွန် ၆ ရက် နံနက် ၆ နာရီခန့်တွင် အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး နတ်သံကွင်းမြို့ လူနေအိမ်များကို အကာအကွယ်ပြု၍ တံတားလုံခြုံရေးအဖွဲ့အား လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကာ တံတားအား ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် မြစ်ကူးတံတား ကမ်းကပ်ခုံနှင့် ကပ်လျှက်အခန်း ၆၅ ပေခန့် ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်