
BIGBANG အဖွဲ့ဝင်ဟောင်း ဆန်းရီသည် ပြည်ပတွင် လောင်းကစားလုပ်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် သြဂုတ် ၂၇ ရက်တွင် ရဲစခန်း၌ စစ်ဆေးမေးမြန်းခံခဲ့ရသည်။
အသက် ၂၈ နှစ်အရွယ်ရှိ ဆန်းရီသည် တရားမဝင် နိုင်ငံခြားငွေအရောင်းအဝယ်အပါအဝင် လက်စ်ဗီးဂတ်ရှိ လောင်းကစားရုံများတွင် လောင်းကစားလုပ်လေ့ရှိပြီး ဒေါ်လာတစ်သန်းခန့် ရှုံးခဲ့ဖူးသည်ဆိုသော စွပ်စွဲချက်များ ထွက်ရှိခဲ့သည်။
“စိုးရိမ်ပူပန်မှုတွေ ဖြစ်စေတဲ့အတွက် ကျွန်တော်နောက်တစ်ကြိမ် တောင်းပန်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကို ကျွန်တော်ရိုးသားမှန်ကန်စွာ ဖြေဆိုသွားမှာပါ” ဟု ဆန်းရီက ဆိုးလ်းရဲစခန်းရှေ့တွင် စောင့်နေသည့် သတင်းထောက်များကို ပြောကြားခဲ့သည်။
လောင်းကစားလုပ်မှုစွပ်စွဲချက်များနှင့်ပတ်သက်ပြီး ဂျာနယ်လစ်များက မေးမြန်းမှုကို ဆန်းရီကမဖြေကြားခဲ့ပေ။
ဆန်းရီ(အမည်ရင်း Lee Seung Hyun) သည် ၎င်း၏စီးပွားရေးလုပ်ငန်းတွင် အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူများအတွက် ပြည့်တန်ဆာများ စီစဉ်ပေးမှုနှင့် ရန်ပုံငွေ အလွဲသုံးစားလုပ်မှု အစရှိသည့် စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရစဉ် ယင်းကဲ့သို့ စစ်ဆေးမေးမြန်းခံခဲ့ရခြင်းဖြစ်သည်။
ဆန်းရီ၏ အနုပညာအေဂျင်စီဟောင်းဖြစ်သည့် YG Entertainment ၏ အဆိုတော်များနှင့် ဂီတပညာရှင်များအပေါ် စွပ်စွဲချက်များထွက်ရှိနေစဉ် ၎င်းပါဝင်ပတ်သက်သည့် အရှုပ်တော်ပုံကို ဖော်ထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ကေပေါ့ပ်အေဂျင်စီကြီးများထဲမှ တစ်ခုဖြစ်သည့် YG Entertainment သည် BIGBANG၊ BLACKPINK အစရှိသည့် နာမည်ကြီး ကေပေါ့ပ်အဖွဲ့များကို ပျိုးထောင်ပေးခဲ့သည့် အေဂျင်စီဖြစ်သည်။ Psy ၏ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့သည့် Gangnam Style သီချင်းဗီဒီယိုကိုလည်း YG က စီစဉ်ထုတ်လုပ်ခဲ့သည်။
YG တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဟောင်းဖြစ်သည့် Yang Hyun Suk သည်လည်း ဆန်းရီကဲ့သို့ပင် တရားမဝင်လောင်းကစားလုပ်မှုနှင့် ငွေကြေးလွှဲပြောင်းပေးမှု စွပ်စွဲချက်များနှင့်ပတ်သက်ပြီး သြဂုတ် ၂၉ ရက်တွင် စုံစမ်းစစ်ဆေးခံရမည်ဖြစ်သည်။ Yang သည်လည်း ၂၀၁၄ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ပြည့်တန်ဆာစီစဉ်ပေးခဲ့မှု စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့်လတွင် သီးခြားစစ်ဆေးမေးမြန်းခံခဲ့ရသည်။
ရဲတပ်ဖွဲ့သည် သက်သေအထောက်အထားများရရှိရန် ဆိုးလ်အနောက်ပိုင်းရှိ YG ၏ရုံးကို သြဂုတ် ၁၇ ရက်တွင် ဝင်ရောက်ရှာဖွေခဲ့သည်။ ဆန်းရီနှင့် Yang တို့သည် လက်စ်ဗီးဂတ်ရှိ လောင်းကစားရုံများကို ပုံမှန်သွားနေကျဖြစ်ပြီး ဒေါ်လာသန်းနှင့်ချီ အသုံးပြုခဲ့သည်ဟု JIBC သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်