
သရုပ်ဆောင် ပရီယန်ကာချိုပရာနှင့် ၎င်းင်း၏ ခင်ပွန်း နစ်ဂျိုးနက်စ်ကို ၂၀၁၉ ခုနှစ် အတွက် အကောင်းဆုံးဝတ်စားဆင်ယင်မှု စုံတွဲအဖြစ် ရွေးချယ်ခဲ့သည်ဟု People မဂ္ဂဇင်းက စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန် ခဲ့သည်။ ယင်းသည် ဝတ်စားဆင်ယင်မှု အ ကောင်းဆုံးအနုပညာရှင်များကို ရွေးချယ် သည့် People မဂ္ဂဇင်း၏သမိုင်းတစ်လျှောက်တွင် ဇနီးမောင်နှံကို ပထမဆုံးအကြိမ် ရွေးချယ်မှုလည်းဖြစ်သည်။
“အကောင်းဆုံးဝတ်စားဆင်ယင်မှုအနု ပညာရှင် ထိပ်တန်း ၁ဝစာရင်းမှာ အမျိုးသား (သို့မဟုတ်) စုံတွဲတစ်တွဲကို ပထမဆုံးအကြိမ် ရွေးချယ်မှုဖြစ်တယ်။ သူတို့နှစ်ဦးက ဒီရွေး ချယ်ခံရမှုနဲ့ ထိုက်တန်ပါတယ်”ဟု People မဂ္ဂဇင်း၏ ဖက်ရှင်နှင့် အလှအပဒါရိုက်တာ Andrea Lavinthal က ရိုက်စ်တာသတင်း ဌာနသို့ ပြောကြားခဲ့သည်။
၎င်းတို့နှစ်ဦး၏ ပေါင်းစပ်ဖက်ရှင်ကို စောင့်ကြည့်ရမှုသည် စိတ်လှုပ်ရှားစရာကောင်း သည်ဟု ၎င်းက ပြောကြားခဲ့သည်။ နစ်ဂျိုး နက်စ်သည် ချိုပရာကဲ့သို့ပင် ဖက်ရှင်ကို စိတ်ဝင်စားသူတစ်ဦးဖြစ်သည်ဟု ဆိုနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ချိုပရာနှင့် ဂျိုးနက်စ် သည် ၂၀၁၇ ခုနှစ် Met Gala တွင် စုံတွဲ တက် ရောက်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ၎င်းတို့ စေ့စပ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
အမေရိကန်ရုပ်သံဇာတ်လမ်းတွဲတွင် အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့သည့် ပထမဆုံးအိန္ဒိယသရုပ်ဆောင်ဖြစ်သည့် ချိုပရာသည် ၎င်းင်းထက် ၁၀ နှစ်ကျော်ငယ် သည့် Jonas Brothers အဖွဲ့မှ အဆိုတော် နစ်ဂျိုးနက်စ်နှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် နယူးဒေလီ၌ လက်ထပ်ခဲ့သည်။ ယင်းနောက် တွင် ၎င်းတို့နှစ်ဦးသည် အွန်လိုင်းတွင် ရှာ ဖွေမှုအများဆုံးအနုပညာရှင်ဇနီးမောင်နှံ စာရင်းတွင် ပါဝင်လာခဲ့သည်။
ချိုပရာနှင့် ဂျိုးနက်စ်သည် ဖက်ရှင်နှင့် ဒီဇိုင်နာများ ကွဲပြားမှုရှိသော်လည်း ၎င်းတို့ ၏ ဝတ်စားဆင်ယင်မှုသည် လိုက်ဖက်မှုရှိ ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ချိုပရာနဲ့ ဂျိုးနက်စ်က သူတို့ ကိုယ်ပိုင် ဖက်ရှင်တွေကို စိတ်ဝင်စားသူတွေပါ”ဟု ဂျိုး နက်စ်၏ ပွဲတက်အဝတ်အစားများအတွက် ဒီဇိုင်းဖန်တီးပေးခဲ့သည့် ဖက်ရှင် ဒီဇိုင်နာ Yermagyan က ပြောကြားခဲ့သည်။ ၎င်းင်းတို့စုံ တွဲ၏ ဖက်ရှင်အတွက် ချိုပရာ၏ Stylist နှင့် ပူးပေါင်းဖန်တီးမှုသည် ၎င်းင်း၏ ရည်မှန်းချက် တစ်ခုဖြစ်သည်ဟု Yermagyan က ဆိုသည်။ People မဂ္ဂဇင်းက ထုတ်ပြန်သည့် အဆိုပါစာရင်းတွင် သရုပ်ဆောင် ဘီလီပေါ်တာ၊ တင်းနစ် ချန်ပီယံ ဆရီနာဝီလျံ၊ အဆိုတော် ဂျနီဖာလို ပက်ဇ်၊ လေဒီ ဂါဂါနှင့် စလင်းဒီယွန်တို့လည်း ပါဝင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်