
Marvel Comics ၏ ဇာတ်ကောင် ကာရိုးဒန်ဗာကို အခြေပြုရိုက်ကူးထားသည့် အမေရိကန်စူပါဟီးရိုးဇာတ်ကား Captain Marvel သည် ပွဲဦးထွက်ဖြန့်ချိသည့် သီတင်းပတ်တွင် မြောက်အမေရိက၌ လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ သန်း ၁၅၀ ထက်မနည်း ရရှိနိုင်ခြေရှိသည်ဟု အစောပိုင်းခန့်မှန်းချက်များတွင် ဖော်ပြခဲ့သည်။
ယင်းဇာတ်ကားသည် ပွဲဦးထွက်ဖြန့်ချိသည့် သီတင်းပတ်တွင် ဝင်ငွေအများဆုံး ဇာတ်ကား ၂၀ စာရင်း၌လည်း ပါဝင်နိုင်ခြေရှိသည်ဟု ခန့်မှန်းထားသည်။
ဒါရိုက်တာ Anna Boden နှင့် Ryan Fleck တို့ ရိုက်ကူးပြီး ဘရီးလာဆင်၊ ဆန်မြူရယ် အယ်လ်ဂျက်ဆင်၊ လီပေ့စ်၊ ဂျုလော၊ ဂျမ်မာချန်၊ အန်နက်ဘန်နင်း၊Ben Mendelsohn ၊ Djimon Hounsou၊ Lashana Lynch နှင့် Clark Gregg တို့ အဓိကဇာတ်ကောင်များအဖြစ် ပါဝင်ထားသည့် Captain Marvel ဇာတ်ကားကို မြောက်အမေရိကတွင် မတ် ၈ ရက်က ဖြန့်ချိခဲ့ရာ လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၆၂ သန်း ရရှိခဲ့သည်။
ယင်းဇာတ်ကားတွင် ဘရီးလာဆင်က Kree နှင့် Skrulls ဟု ခေါ်ဆိုသော ဂြိုဟ်သားမျိုးနွယ်များကို ရင်ဆိုင်တိုက်ခိုက်သည့် စူပါဟီးရိုး Captin Marvel/ ကာရိုးဒန်ဗာအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။ လာဆင်သည် ဧပြီတွင် ဖြန့်ချိရန် စီစဉ်ထားသည့် Avengers: End Game ဇာတ်ကားတွင်လည်း ယင်းဇာတ်ကောင်အဖြစ် ပါဝင်ထားသည်။
မာဗယ်စတူဒီယိုက ထုတ်လုပ်ပြီး ဝေါဒစ္စနေက ဖြန့်ချိခဲ့သည့် ယင်းဇာတ်ကားသည် Marvel Cinematic Universe (MCU) ၏ ၂၁ ကားမြောက်ဇာတ်ကားနှင့် အမျိုးသမီးစူပါဟီးရိုးကို အဓိကဇာတ်ကောင်အဖြစ် ရိုက်ကူးထားသည့် ပထမဆုံး ဇာတ်ကားလည်း ဖြစ်သည်။
Marvel Comics ၏ ဇာတ်ကောင်ကို အခြေပြုရိုက်ကူးထားသည့်Black Panther ဇာတ်ကားသည် ၂၀၁၈ ခုနှစ် လက်မှတ်ရောင်းချမှု ဝင်ငွေစံချိန်များကို ချိုးဖျက်ခဲ့ပြီး တစ်သက်တာဝင်ငွေ အကောင်းဆုံးဇာတ်ကားစာရင်း၏ နံပါတ်ကိုးနေရာတွင် ဖော်ပြခံခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်