
ဒါရိုက်တာ အယ်လ်ဖွန်ဆိုကာရွန်၏ အော်စကာဆုရဇာတ်ကား Roma ကို တရုတ်ရှိ ရုပ်ရှင်ရုံများတွင် ဖြန့်ချိရန် တရုတ်အာဏာပိုင်များက ခွင့်ပြုခဲ့သည်ဟု National Art- house Film Alliance က မတ် ၆ ရက်တွင် အတည်ပြုခဲ့သည်။
အော်စကာဆုပေးပွဲတွင် အကောင်းဆုံး ဇာတ်ကားဆုရရှိခဲ့သည့် Green Book ဇာတ်ကားနှင့် အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုအပါအဝင် အော်စကာဆု လေးဆု ဆွတ်ခူးခဲ့သည့် Bohemian Rhapsody ဇာတ်ကားတို့ကို တရုတ်တွင် ဖြန့်ချိခွင့်ပေးခဲ့ပြီး ရက်အနည်းငယ်အကြာတွင် Roma ဇာတ်ကားကိုလည်း ဖြန့်ချိခွင့်ပေးခဲ့ခြင်းဖြစ်သည်။
အော်စကာဆုပေးပွဲတွင် အကောင်းဆုံးဒါရိုက်တာဆု၊ ရုပ်ရှင်အတတ်ပညာဆုနှင့် နိုင်ငံခြားဘာသာစကားပြော ဇာတ်ကားဆု ဆွတ်ခူးခဲ့သည့် ဇာတ်ကားဟုု အမွှမ်းတင်ထားသည့် Roma ဇာတ်ကား၏ ပိုစတာတစ်ခုကို Sina ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သော်လည်း ဇာတ်ကားဖြန့်ချိမည့်ရက်ကို အတိအကျ မထုတ်ပြန်ခဲ့ပေ။
ဒါရိုက်တာ အယ်လ်ဖွန်ဆိုကာရွန်၏ ငယ်ဘဝအကြောင်း ရိုက်ကူးထားသည့် အဖြူအမည်းဇာတ်ကား Roma သည် မက္ကဆီကို နိုင်ငံအတွက် အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြော ဇာတ်ကားဆုကို ပထမဆုံးရရှိခဲ့သည့် ဇာတ်ကားလည်းဖြစ်သည်။
Netflix သည် Roma ဇာတ်ကားအတွက် ကမ္ဘာတစ်ဝန်း မူပိုင်ခွင့် ထိန်းချုပ်ထားသော်လည်း တရုတ်ရုပ်ရှင်ရုံများတွင် ဖြန့်ချိမှုအတွက် မချိတ်ဆက်ခဲ့ပေ။ အွန်လိုင်းရုပ်သံ Netflix က Roma ဇာတ်ကားကို အမေရိကန်ရှိ ရုပ်ရှင်ရုံ ၁၀၀ ကျော်နှင့် နိုင်ငံ ၄၀ ရှိ ရုပ်ရှင်ရုံ ၅၀၀ ကျော်တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာက ဖြန့်ချိခဲ့သော်လည်း လက်မှတ်ရောင်းချမှုဝင်ငွေကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်