
မည်သည့်ခေတ်စနစ်တွင်မဆို ၀ိသမလောဘသားများ ရှိနေတတ်သဖြင့် အဖွဲ့ချုပ် အဖွဲ့ဝင်များသည် စီးပွားရေးတွင် လက်ဝါးကြီးအုပ်ထားသူများနှင့် မရိုးဖြောင့်သည့်နည်းလမ်းဖြင့် လုပ်ပိုင်ခွင့်ရရှိထားသူများကို ဝိုင်းဝန်းဖော်ထုတ်ပေးခြင်းဖြင့် ပြည်သူလူထု၏ စီးပွားရေးအရ အခြေခံကျသည့် အခွင့်အရေးများကို ကာကွယ်ပေးရမည်ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ပါတီနှစ် ၃၀ ပြည့် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်း တည်ထောင်သည့် နှစ် ၃၀ ပြည့်အခမ်းအနားကို စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။
“အဖွဲ့ချုပ်ပါတီဝင်များ၊ အစိုးရအဖွဲ့အတွင်း တာဝန်ယူ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များဟာ အဂတိတရားကင်းရှင်းမှ ပြည်သူလူထုဟာ စီးပွားရေးလုပ်ပျော်ပြီး တရားမျှတစွာ ယှဉ်ပြိုင်ခွင့်ကို ရရှိကြမှာဖြစ်တဲ့အတွက် အဖွဲ့ချုပ်အဖွဲ့ဝင်ထုများ အနေဖြင့် အဂတိတရားကို ကိုယ်တိုင်လည်း ကင်းရှင်းရမှာဖြစ်သလို၊ အခြားသူများလည်း အဂတိတရား ကင်းရှင်းလာအောင် ၀ိုင်းဝန်းလုပ်ကိုင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။
ပြည်သူလူထုသည် စီးပွားရေးလုပ်ပျော်ပြီး တရားမျှတစွာ ယှဉ်ပြိုင်ခွင့်ကို ရရှိလာသည်နှင့်အမျှ တိုင်းပြည်စီးပွားရေး တည်ငြိမ်လာမည်ဖြစ်ကြောင်းလည်း သဝဏ်လွှာတွင် ဆက်လက်ရေးသားထားသည်။
“မည်သည့်ခေတ်၊ မည်သည့်စနစ်တွင်မဆို ၀ိသမလောဘသမားဆိုတာ ရှိနေတတ်ပါတယ်။ အဖွဲ့ချုပ်အဖွဲ့ဝင်များဟာ စီးပွားရေးမှာ မတော်လောဘနဲ့ လက်ဝါးကြီးအုပ်ထားသူများ၊ မရိုးဖြောင့်သည့်နည်းလမ်းနဲ့ လုပ်ပိုင်ခွင့် ရရှိထားသူများကို ၀ိုင်းဝန်းဖော်ထုတ်ပေးခြင်းအားဖြင့် ပြည်သူထုရဲ့ စီးပွားရေးအရ အခြေခံကျတဲ့ အခွင့်အရေးများကို ကာကွယ်ပေးရမှာ ဖြစ်ပါတယ်” ဟု ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဝဏ်လွှာတွင် ပါရှိသည်။
ပြည်သူလူထုသည် စီးပွားရေးအခြေခံကျသော အခွင့်အရေးများကို ခံစား၊ စံစားနိုင်ရုံဖြင့် မိမိတို့၏တာဝန်ကျေပွန်ပြီဟု မဆိုနိုင်သေးကြောင်း၊ ပြည်သူကို လေးစားတန်ဖိုးထားသည့် ပါတီတစ်ခုအနေဖြင့် အစိုးရနှင့်ပြည်သူအကြား သို့မဟုတ် ပြည်သူလူထု အချင်းချင်းအကြားတွင် တရားမျှတမှုများ ပေါ်ပေါက်လာအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလည်း သဝဏ်လွှာတွင် ပါရှိသည်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များရဲ့ တာဝန်နဲ့ဝတ္တရားက ပြည်သူလူထုအတွင်းမှာ ပေါ်ပေါက်နေတဲ့ မတရားမှုများကို စောင့်ကြည့်ဖော်ထုတ်ပြီး တိုက်ဖျက်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါမှသာ ပြည်သူကိုချစ်တဲ့ ပြည်သူအတွက် တာဝန်သိတဲ့ ပြည်သူနဲ့အတူ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်မယ့် နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ ပြည်သူလူထုအကြားမှာ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်” ဟု NLD ပါတီနှစ် ၃၀ ပြည့် အခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပေးပို့သော သဝဏ်လွှာတွင် ပါရှိသည်။
ပြည်သူလူထုကို လေးစားတန်ဖိုးထားသည့် နိုင်ငံရေးပါတီဆိုသည်မှာ ပြည်သူလူထုအတွက် တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် ငြိမ်းချမ်းရေးကို ဆောင်ယူပေးရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုသည် ငြိမ်းချမ်းရေးကို ခံစားရပြီး တရားမျှတစွာဖြင့် မိမိတို့အခွင့်အရေးများကို မည်သူ့ကိုမျှ ကျေးဇူးတင်စရာ မလိုဘဲ ခံစားစံစားရအောင် ဆောင်ရွက်ပေးသည့် နိုင်ငံရေးပါတီဖြစ်မှသာ ပြည်သူကိုလေးစား၊ တန်ဖိုးထားသည့် နိုင်ငံရေးပါတီအဖြစ် ယုံကြည်အလေးထားကြမည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ရေးသားထားသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များသည် အဖွဲ့ဝင်အချင်းချင်း အကြားတွင် စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုကို အမှန်တကယ် လေးစားကြောင်း၊ တန်ဖိုးထားကြောင်း ပြသရမည်ဖြစ်ကြောင်း၊ အဖွဲ့ချုပ်အဖွဲ့ဝင်များသည် စည်းကမ်းစည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ခြင်းဖြင့် ပါတီကိုပိုမိုအားကောင်းရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဖွဲ့ချုပ် ပိုမိုအားကောင်းလာသည်နှင့်အမျှ တိုင်းရင်းသား ပြည်သူလူထုအကျိုးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်