
အမျိုးသမီးများ၏ သဘောတူညီချက်မရဘဲ လိင်ဆက်ဆံမှုကို ဗီဒီယိုများရိုက်ကူးပြီး ဖြန့်ဝေခဲ့သည်ဆိုသော စွပ်စွဲချက်များကို အဆိုတော် ဂျောင်းဂျွန်ယောင်းသည် ဖမ်းဝရမ်းအတွက် ကြားနာစစ်ဆေးမှုခံယူရန် ဆိုးလ်တရားရုံးသို့မသွားမီ ဝန်ခံခဲ့သည်။
ဂျောင်းကို မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် Jongno ရဲဌာနသို့ လွှဲပြောင်းပေးခဲ့သည်။ ၎င်းကို ဖမ်းဝရမ်း ထုတ်ပြန်မည်၊ မထုတ်ပြန်မည်နှင့်ပတ်သက်ပြီး တရားရုံးက ဆုံးဖြတ်ချက်မချမီအထိ ယင်းရဲစခန်းတွင် ထိန်းသိမ်းထားမည်ဖြစ်သည်။ တရားရုံးဆုံးဖြတ်ချက်ကို မတ် ၂၁ ရက်နှောင်းပိုင်း (သို့မဟုတ်) မတ် ၂၂ ရက် အစောပိုင်းတွင် ထုတ်ပြန်သွားဖွယ်ရှိသည်။
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ဆံပင်စည်းထားသည့် ဂျောင်းက စွပ်စွဲချက်များကို ဝန်မခံမီ လက်ဖြင့်ရေးသားထားသည့် ကြေညာချက်တစ်ခုကို ဖတ်ကြားခဲ့သည်။ ယင်းဗီဒီယိုများထဲတွင် ပါဝင်သည့်အမျိုးသမီးများနှင့် ၎င်းကိုအားပေးသည့် ပရိသတ်များကို ဂျောင်းက တောင်းပန်ခဲ့သည်။
“ကျွန်တော့်ကို စွပ်စွဲထားတာတွေ အားလုံးအတွက် ဝန်ခံပါတယ်။ စုံစမ်းစစ်ဆေးရေးအေဂျင်စီက တင်သွင်းတဲ့စွဲချက်တွေကို ကျွန်တော်စောဒကတက်မှာမဟုတ်ဘူး။ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ကျိုးကျိုးနွံနွံ လက်ခံသွားမှာပါ” ဟု အသက် ၃၀ အရွယ်ရှိ ဂျောင်းက ပြောကြားခဲ့သည်။
ဂျောင်းသည် အမျိုးသမီးအနည်းဆုံး ၁၀ ဦးနှင့် လိင်ဆက်ဆံမှုအား လျှို့ဝှက်ကင်မရာဖြင့် ရိုက်ထားသည့် ဗီဒီယိုများကို BigBang အဖွဲ့ဝင် ဆန်းရီအပါအဝင် အမျိုးသား အနုပညာရှင်များပါဝင်သည့် Chatroom group တွင် ဝေမျှခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
တောင်ကိုရီးယားနိုင်ငံ၏ဥပဒေအရ အတူနေအဖော်၏ ခွင့်ပြုချက်မရဘဲ လိင်ဆက်ဆံမှုကို ဗီဒီယိုရိုက်ကူးမှု(သို့မဟုတ်) ယင်းဗီဒီယိုကို ဝေမျှမှုအတွက် ထောင်ဒဏ်ငါးနှစ်နှင့်အထက် (သို့မဟုတ်) ဒဏ်ငွေ ဒေါ်လာ ၂၆၄၂၄ ချမှတ်ခံရမည်ဖြစ်သည်။ KBS/ 2 Days & 1 Night အစီအစဉ်ဖြင့် ထင်ရှားခဲ့သည့် အဆိုတော်၊ တေးရေး၊ ရုပ်သံအစီအစဉ်တင်ဆက်သူ ဂျောင်းသည် ယင်းစွပ်စွဲချက်များထွက်ရှိခဲ့ပြီးနောက် အနုပညာအလုပ်များကို ရပ်နားမည်ဟု ထုတ်ပြန်ခဲ့သည်။
စီးပွားရေးရင်းနှီးမြှုပ်နှံသူများအတွက် ပြည့်တန်ဆာများ စီစဉ်ပေးခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဂျောင်း၏ မိတ်ဆွေဖြစ်သည့် အဆိုတော်၊ စီးပွားရေးလုပ်ငန်းရှင် ဆန်းရီကို ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် ဂျောင်း၏ဗီဒီယို အရှုပ်တော်ပုံကိစ္စ ထွက်ပေါ်လာခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်