
မြန်မာတေးသံရှင်များစွာ ပါဝင်တင်ဆက်မည့် နှစ်သစ်အကြိုဂီတဖျော်ဖြေပွဲအား စင်ကာပူနိုင်ငံတွင် မတ်လကုန်၌ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဂီတဖျော်ဖြေပွဲကို မတ် ၃၁ ရက်တွင်ပြုလုပ်မည်ဖြစ်ကာ တေးသံရှင်ဖြိုးပြည့်စုံ၊ Ressell ၊ ဒေးဗစ်လိုင်၊ ဇော်ခွန်၊ စောအယ်စေးမူး၊ ဂျူဝဲလ်၊ နင်ဇီမေ၊ ချမ်းမြေ့မောင်ချို၊ Thawng Za Hnum Sung တို့ ပါဝင်တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။ တေးသီချင်းအဆိုပြိုင်ပွဲများမှ ဂီတလောကအတွင်း ရောက်ရှိလာသူများစုစည်း တင်ဆက်ကြမည်ဖြစ်ကာ ဖျော်ဖြေပွဲအား စင်ကာပူနိုင်ငံရှိ The Nexus Auditiorium ၌ ကျင်းပရန်စီစဉ်ထားခြင်း ဖြစ်သည်။
“ဂျူဝဲလ် အခုလတ်တလောကနေ သင်္ကြန်အထိကတော့ ဖျော်ဖြေရေးတွေ ဆက်တိုက်လက်ခံထားပါတယ်။ လောလောဆယ်တော့ သြစတြေးလျမှာ ဖျော်ဖြေရေးရှိလို့ သွားပါမယ်။ ပထမဆုံး သွားရောက်ဖျော်ဖြေခွင့်ရတာပါ။ ပြန်လာပြီးရင် မတ်လကုန်မှာ စင်ကာပူမှာ သွားရောက်ဖျော်ဖြေပါမယ်။ စင်ကာပူပွဲမှာတော့ ကျွန်တော်တို့အဆိုပြိုင် ပွဲကနေ ဂီတလောကထဲရောက်လာတဲ့ တေးသံရှင်တွေစုပေါင်းပြီး တင်ဆက်ကြတဲ့ပွဲပါ။ ဒါကြောင့် လူငယ်တွေပျော်ပျော်ပါးပါး ဆိုကြမယ့်ပွဲဖြစ်သလို ပရိသတ်တွေနဲ့လည်း ပျော်ပျော်ပါးပါးဖြတ်သန်းဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော့်အတွက်လည်း စင်ကာပူကပထမဆုံးပွဲပါ။ စိတ်လည်းလှုပ်ရှားသလို ပရိသတ်တွေနဲ့တွေ့ဖို့အတွက်လည်း ရင်ခုန်ပါတယ်” ဟု တေးသံရှင်ဂျူဝဲလ်က ဆိုသည်။
တေးသံရှင်ဖြိုးပြည့်စုံကလည်း “မတ် လ ၃၁ ရက်မှာ စင်ကာပူမှာလုပ်မယ့် သင်္ကြန်အကြိုဂီတဖျော်ဖြေပွဲမှာ ပါဝင်သီဆိုဖို့ရှိပါတယ်။ သင်္ကြန်အကြိုပွဲဆိုတော့ အားလုံးပျော်ပျော်ပါးပါး မြူးမြူးကြွကြွလေး တင်ဆက်ဖြစ်မှာပါ။ ပရိသတ်တွေလည်း လာရောက်ကြဖို့ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့နဲ့အတူ သင်္ကြန်အကြိုခံစားမှုတွေနဲ့ အမှတ်တရဖြတ်သန်းကြမှာပါ” ဟု ဆိုသည်။
သင်္ကြန်အကြိုဂီတဖျော်ဖြေပွဲတွင် မြန်မာသင်္ကြန်အငွေ့အသက်များ၊ အစားအသောက်များလည်း ထည့်သွင်းရောင်းချသွားမည်ဖြစ်ကာ တေးသံရှင်များကလည်း မြူးကြွသည့်တေးသံသာများဖြင့် တင်ဆက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ဖျော်ဖြေပွဲအတွက် လက်မှတ်များကိုလည်းကြိုတင် ရောင်းချလျက်ရှိကာ လက်မှတ်စျေးနှုန်းများအား စင်ကာပူဒေါ်လာ ၂၅ နှင့် ၃၅ ဟု အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်