
ကေပေါ့ပ်လိင်အရှုပ်တော်ပုံ ပိုမိုကြီးထွားလာခဲ့ပြီးနောက် ဗီဒီယိုများဝေမျှသည့် Chatroom group တွင် ပါဝင်ခဲ့သည့် FT Island အဖွဲ့မှ အဆိုတော် Choi Jong hoon နှင့် Highlight အဖွဲ့မှအဆိုတော် Junhyung က အနုပညာအလုပ်များ ရပ်နားတော့မည်ဟု ထုတ်ပြန်ခဲ့သည်။
FT Island အဖွဲ့ဝင် Choi သည် အမျိုးသမီးတစ်ဦးကို လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံကို ဂျောင်းဂျွန်ယောင်းနှင့် BigBang အဖွဲ့ဝင် ဆန်းရီတို့ပါဝင်သည့် Chatroom Group တွင် ဝေမျှခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်ပြီး မတ် ၁၆ ရက်တွင် စုံစမ်းစစ်ဆေးခံရနိုင်ခြေရှိသည်ဟု ကိုရီးယားမီဒီယာများက ဖော်ပြခဲ့သည်။
Choi၊ ဂျောင်း၊ ဆန်းရီနှင့် အခြားအမျိုးသားများသည် လာဘ်ပေးမှုအပါအဝင် ပြစ်မှုများကို မည်သို့ဖုံးကွယ်ထားရမည်နှင့်ပတ်သက်ပြီး ဆွေးနွေးပြောဆိုမှုတွင် ပါဝင်ခဲ့သည်ဟု SBS သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
Choi သည် ၂၀၁၆ ခုနှစ်တွင် အရက်မူးပြီး ယာဉ်မောင်းခဲ့သည့်အမှုကို မီဒီယာ၌ ဖော်ပြခြင်းအား တားဆီးပေးရန် အဆင့်မြင့်ရဲအရာရှိတစ်ဦးကို လာဘ်ထိုးခဲ့သည်ဟုလည်း သင်္ကာမကင်းဖြစ်ခံခဲ့ရသည်။ အသက် ၂၉ နှစ်အရွယ်ရှိ Choi က အရက်မူးပြီး ယာဉ်မောင်းခဲ့မှုကို ဝန်ခံခဲ့သော်လည်း ရဲအရာရှိထံမှ မည်သည့်အကူအညီမျှ လက်ခံရရှိခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။
Highlight အဖွဲ့ဝင် Junhyung က ဂျောင်းနှင့် ၂၀၁၅ ခုနှစ်တွင် သိကျွမ်းခဲ့ပြီးနောက် လိင်ဆက်ဆံမှု ဗီဒီယိုများနှင့်ပတ်သက်ပြီး ညစ်ညမ်းသော မက်ဆေ့ချ်များ အပြန်အလှန်ပေးပို့ခဲ့သည်ဟု ပြောကြားခဲ့ပြီး Chatroom Group တွင် ဂျောင်းဝေမျှသည့် ဗီဒီယိုများကို ကြည့်ရှုခဲ့သည်ဟု ဝန်ခံခဲ့သည်။ ဂျောင်း၏လုပ်ဆောင်ချက်များကို စုံစမ်းစစ်ဆေးမှုတစ်ခုအဖြစ် Jungyung ကို ရဲတပ်ဖွဲ့က မတ် ၁၃ ရက်တွင် စစ်ဆေးမေးမြန်းခဲ့သည်ဟုလည်း allkpop ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
လိင်အရှုပ်တော်ပုံများ ဆက်တိုက်ထွက်ပေါ်နေစဉ် CNBlue အဖွဲ့ဝင် Lee Jong-hyun ကလည်း Chatroom Group တွင် ဂျောင်းဝေမျှခဲ့သည့် ဗီဒီယိုများကိုကြည့်ရှုခဲ့သည်ဟု မတ် ၁၄ ရက်တွင် ဝန်ခံခဲ့သည်။
စီးပွားရေး ရင်းနှီးမြှုပ်နှံသူများအတွက် ပြည့်တန်ဆာများ စီစဉ်ပေးမှု၊ လာဘ်ပေးမှု စသည့်စွပ်စွဲချက်များဖြင့် BigBang အဖွဲ့ဝင်အဆိုတော်၊ စီးပွားရေးလုပ်ငန်းရှင် ဆန်းရီကို ရဲတပ်ဖွဲ့ကစစ်ဆေးနေစဉ် ၎င်း၏ မိတ်ဆွေဖြစ်သည့် အဆိုတော်ဂျောင်းဂျွန်ယောင်း၏ လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုအရှုပ်တော်ပုံကိစ္စ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂျောင်းနှင့် ဆန်းရီတို့ကို ရဲတပ်ဖွဲ့ မတ် ၁၄ ရက်တွင် စုံစမ်းစစ်ဆေးခဲ့သည်။ ဆန်းရီ၏အမှုတွင် ထိပ်တန်းရဲအရာရှိတစ်ဦးလည်း ပါဝင်ပတ်သက်သည်ဟု korea-heraldတွင် ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်