
လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုများ အရှုပ်တော်ပုံနှင့် စီးပွားရေးအကျိုးအမြတ်အတွက် ပြည့်တန်ဆာများငှားပေးပြီး လိင်ဝန်ဆောင်မှုစီစဉ်ပေးမှုတို့နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံခဲ့ရပြီးနောက် BigBang အဖွဲ့ဝင် ဆန်းရီသည် မတ် ၁၅ ရက်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ကိုရီးယားမီဒီယာများက ဖော်ပြခဲ့သည်။
အသက် ၂၈ နှစ်အရွယ်ရှိ ဆန်းရီသည် ရင်းနှီးမြှုပ်နှံသူများအတွက် Burning Sun နိုက်ကလပ်တွင် ပြည့်တန်ဆာငှားရမ်းပေးပြီး လိင်ဝန်ဆောင်မှု စီစဉ်ပေးမှုစွပ်စွဲချက်များအတွက် ၁၆ နာရီကြာ စုံစမ်းစစ်ဆေးခံခဲ့ပြီးနောက် ထပ်မံစစ်ဆေးခံခဲ့ရခြင်းဖြစ်သည်။
ဆိုးလ်မြို့တော်ရဲဌာနမှ ထွက်လာသည့် ဆန်းရီ (အမည်ရင်း Lee Seung-hyun) က စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စစ်မှုထမ်းမည့်အချိန်ကို ရွှေ့ဆိုင်းရန် စီစဉ်နေသည်ဟု ပြောကြားခဲ့သည်။
ဆန်းရီသည် Burning Sun ၏ ပိုင်ရှင် အမှန်ဟုတ်၊ မဟုတ်နှင့် Kakao Talk မက်ဆေ့ချ်များကို လုပ်ကြံပြောဆိုထားသည့် မက်ဆေ့ချ်များဟု ထင်၊ မထင် အစရှိသည့်မေးခွန်းများကို ၎င်းက မဖြေဆိုခဲ့ပေ။
ဆန်းရီသည် မူးယစ်ဆေးအသုံးပြုမှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ အခွန်ရှောင်မှု၊ လာဘ်ထိုးမှု စသည့်စွပ်စွဲချက်များနှင့် ပတ်သက်ပြီးလည်း စုံစမ်းစစ်ဆေးခံနေရသည်။ ဆန်းရီ၏ အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်မှုရှိသည်ဟု သံသယရှိသော ထိပ်တန်းရဲမှူးတစ်ဦးကိုလည်း စစ်ဆေးမေးမြန်းရန် ရဲတပ်ဖွဲ့က ဆင့်ခေါ်ခဲ့သည်။ ယင်းရဲအရာရှိသည် Burning Sun နိုက်ကလပ်တွင် ဥပဒေနှင့် ဆန့်ကျင်သည့်လုပ်ရပ်များအတွက် အပြစ်ပေးမခံရစေရန် ကူညီပေးခဲ့သူဟု စွပ်စွဲခံခဲ့ရသည်။ ယင်းရဲအရာရှိသည် FT Island အဖွဲ့ဝင်Choi Jong-hoon အရက်မူးပြီး ယာဉ်မောင်းမှုကို မီဒီယာတွင် ဖော်ပြမခံရအောင် ကူညီပေးခဲ့သည်ဟုလည်း သံသယဖြစ်ခံခဲ့ရသည်။
ဆန်းရီ၏ မိတ်ဆွေအဆိုတော်ဂျောင်းဂျွန်ယောင်းသည်လည်း လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များကို ဆန်းရီနှင့် FT Island အဖွဲ့ဝင် Choi Jong-hoon တို့အပါအဝင် လူ ၁၀ ဦးခန့်ပါဝင်သည့် Chatroom အဖွဲ့တွင် ဝေမျှခဲ့မှုအတွက် စုံစမ်းစစ်ဆေးခံခဲ့ရသည်။
စုံစမ်းစစ်ဆေးမှုအတွင်း မှန်မှန်ကန်ကန် စစ်ဆေးခံခဲ့ပြီး ဖုန်းကိုလည်း တာဝန်ရှိသူများထံ အပ်နှံခဲ့ကြောင်း ဂျောင်းက ပြောကြားခဲ့သည်။
“အရှုပ်အထွေးတွေ ဖြစ်ပေါ်စေခဲ့တဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး” ဟု ဂျောင်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်