
စီးပွားရေးအကျိုးအမြတ်အတွက် လိင်ဝန်ဆောင်မှုစီစဉ်ပေးခဲ့သည်ဟုဆိုသော ကေပေါ့ပ်အဆိုတော်တစ်ဦးကို ပြီးခဲ့သည့်သီတင်းပတ်က စုံစမ်းစစ်ဆေးခဲ့ပြီးနောက် နိုက်ကလပ်များပါဝင်ပတ်သက်သည့် လိင်နှင့် ခြစားမှု အရှုပ်တော်ပုံကို စုံစမ်းစစ်ဆေးရန် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ညွှန်ကြားခဲ့သည်။
ယင်းအရှုပ်တော်ပုံတွင် ရဲနှင့်အခွန်အာဏာပိုင်များက ကလပ်များအတွက်သဘော တူလိုက်လျောခြင်း၊ ကျောထောက် နောက်ခံပေးခြင်းနှင့် အကူအညီပေးခြင်း စသည့်စွပ်စွဲချက်များပါဝင်ကြောင်း၊ စွပ်စွဲချက်များ မှန်ကန်ပါက ကြီးမားသည့်တုန်လှုပ်မှုတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း မတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် သမ္မတရုံးကြေညာချက်အရ သိရသည်။
ယင်းအရှုပ်တော်ပုံသည် ကေပေါ့ပ် လောက၏ ဂုဏ်သတင်းကိုထိခိုက်စေခဲ့သည်။ အမျိုးသားအဆိုတော်ငါးဦးဖြင့် ဖွဲ့စည်းထားသည့် Big Bang အဖွဲ့၏ အဖွဲ့ဝင် ဆန်းရီက ဂန်နမ်အရပ်ရှိ နိုက်ကလပ်တွင် ဧည့်သည်များကို ပြည့်တန်ဆာများ ငှားပေးသည့် ဝန်ဆောင်မှုပေးဖွယ်သည်ဟု SBS ရုပ်သံက ဖော်ပြခဲ့ပြီးနောက် ၎င်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့သည်။
ဆန်းရီကအမှုဆောင် အဖြစ်တာဝန်ယူသည့် နောက်ထပ်ကလပ် တစ်ခုတွင် မူးယစ်ဆေးအသုံးပြုနိုင်ခြေရှိ သည်ဟုလည်း MBC က ပြီးခဲ့သည့် သီတင်းပတ်တွင် သီးခြားဖော်ပြခဲ့သည်။ ဆန်းရီက ယင်းစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
ဆန်းရီကို စုံစမ်းစစ်ဆေးစဉ် အဆိုတော် ဂျောင်းဂျွန်ယောင်း၏ ဗီဒီယိုဝေမျှသည့် အရှုပ်တော်ပုံကို SBS ဖော်ပြခဲ့ပြီးနောက် ကေပေါ့ပ်အရှုပ်တော်ပုံ ပိုမိုကြီးထွားလာခဲ့သည်။ ဂျောင်းသည် စွပ်စွဲချက်များကို ဝန်ခံခဲ့ပြီး ၎င်း၏လုပ်ရပ်များအတွက် တောင်းပန်ခဲ့သည်။ အမျိုးသမီးများနှင့် လိင်ဆက်ဆံမှုကို လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးခဲ့သည့် ဂျောင်းကို ဖမ်းဝရမ်းထုတ်ရန် ရဲတပ်ဖွဲ့က ကြိုးပမ်းနေသည်။
လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ မူးယစ်ဆေးအသုံးပြုမှုနှင့် ရဲကိုလာဘ်ထိုးမှုတို့ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် Burning Sun နိုက်ကလပ်ပိုင်ရှင် လီမွန်ဟိုသည် ဖမ်းဝရမ်းအတွက် ကြားနာစစ်ဆေးမှုသို့ တက်ရောက်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်