
ကေပေါ့ပ်အရှုပ်တော်ပုံတွင် အစိုးရဝန် ထမ်းများပါဝင်ပတ်သက်သည်ဆိုသော သံသယဖြစ်ခံရမှုများအတွက် ဝန်ကြီးနှစ်ဦးက ပြည်သူလူထုကို မတ် ၁၉ ရက်တွင် တောင်းပန်ခဲ့သည်။
နိုက်ကလပ်များ ပါဝင်ပတ်သက်သည့် လိင်နှင့် ခြစားမှုအရှုပ်တော်ပုံကို စုံစမ်းစစ်ဆေးရန် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ညွှန်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က Burning Sun နိုက်ကလပ်စုံစမ်းစစ်ဆေးမှုကို အရှိန်အဟုန်မြှင့်ခဲ့သည်။ ယင်းသို့ စစ်ဆေးနေစဉ်အတွင်း လိင်စော်ကားမှု၊ လျှို့ဝှက်ကင်မရာဖြင့် ဗီဒီယိုရိုက်ကူးမှုနှင့် မူးယစ်ဆေးအသုံးပြုမှုများသည် ရဲနှင့် ဆက်နွှယ်မှုများရှိသည်ဆိုသော စွပ်စွဲချက်များထွက်ရှိလာသည်ဟု Korea Herald သတင်းစာတွင် ဖော်ပြခဲ့သည်။
အတူနေအမျိုးသမီးများ၏ ခွင့်ပြုချက်မရဘဲ လိင်ဆက်ဆံမှုကို လျှို့ဝှက်ကင်မရာဖြင့် ဗီဒီယိုရိုက်ကူးခဲ့ပြီး Big Bang အဖွဲ့ဝင် ဆန်းရီ၊ FT Island အဖွဲ့ဝင် Chio Jonghoon အပါအဝင် ကေပေါ့ပ်အနုပညာရှင်များ ပါဝင်သည့် group chat တွင် ဝေမျှခဲ့သည့် အဆိုတော်ဂျောင်းဂျွန်ယောင်းကို ဖမ်းဝရမ်းထုတ်ပြန်ရန် ဆိုးလ်ဗဟိုအစိုးရရှေ့နေများရုံးက တရားရုံးကို တောင်းဆိုခဲ့သည်။
Burning Sun ဝန်ထမ်းတစ်ဦးဖြစ်သည့် ကင်မျိုးနွယ်အမျိုးသားတစ်ဦးနှင့် ကလပ်၏ အမှုဆောင်ဒါရိုက်တာတစ်ဦးဖြစ်သည့် Jang မျိုးနွယ်အမျိုးသားကို ဖမ်းဝရမ်းထုတ်ပြန်ရန်လည်း ဆိုးလ်ဗဟိုအစိုးရရှေ့နေများရုံးက ကြိုးစားခဲ့သည်။ Jang က ဖောက်သည် တစ်ဦးအား ကိုယ်ထိလက်ရောက် စော်ကားနေမှုကို ကင်က ဥပဒေနှင့်ဆန့်ကျင်ပြီး ဗီဒီယို မှတ်တမ်းရိုက်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
ရဲတပ်ဖွဲ့နှင့် Burning Sun ကလပ် အကြားပူးပေါင်းလိမ်လည်ရန် ညှိနှိုင်းထားသည်ဆိုသော စွပ်စွဲချက်များအတွက် ပြည်ထဲရေးဝန်ကြီး ကင်ဘုံယမ်နှင့် တရားရေးဝန်ကြီး ပက်ဆောင်ကီတို့က လူထုကို တောင်းပန်ခဲ့ပြီး ယင်းအရှုပ်တော်ပုံကို စေ့စေ့စပ်စပ်စစ်ဆေးကာ အရေးယူသွားမည်ဟု မတ် ၁၉ ရက်က ပြုလုပ်ခဲ့သည့် အရေးပေါ်သတင်းစာရှင်းလင်းပွဲတွင် ကတိပေးခဲ့သည်။
ကလပ်တွင် မူးယစ်ဆေးဖြန့်ချိမှုနှင့်ရဲ ကိုလာဘ်ထိုးမှုတို့ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် Burning Sun နိုက်ကလပ် ပိုင်ရှင်လီမွန်ဟိုကို ဖမ်းဝရမ်းထုတ်ပေးရန် ရဲတပ်ဖွဲ့က တောင်းဆိုမှုကို ဆိုးလ်တရားရုံး၏ တရားသူကြီး Shin Jong Yeol က စွပ်စွဲမှု အဆင့်သာရှိနေပြီး ရဲတပ်ဖွဲ့က သက်သေအထောက်အထားများ စုဆောင်းနေဆဲဟုဆိုကာ ပယ်ချခဲ့သည်။
Burning Sun ၏ အမှုဆောင်ဒါရိုက်တာ ဆန်းရီသည်လည်း အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူများအတွက် ပြည့်တန်ဆာ ရှာပေးရန် စုံစမ်းစစ်ဆေးခံနေရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်