
လွှတ်တော်တွင် ကတိဖြစ်ပေါ်ခဲ့သော မေးခွန်းများနှင့်ပတ်သက်၍ လုပ်ငန်းရာခိုင်နှုန်း ၁၀၀ ပြီးစီးမှုကို ဓာတ်ပုံမှတ်တမ်းနှင့် ဖော်ပြရန် အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့များက လိုက်နာမှုအားနည်းနေသည် တွေ့ရှိရသည်ဟု ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာတွင် သုံးသပ်ဖော်ပြထားသည်။
ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို စက်တင်ဘာ ၁၈ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်သို့ တင်ပြရာ၌ အထက်ပါ အချက်ကို ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ကတိဖြစ်မေးခွန်း ၂၈၆၉ ခုရှိသည့်အနက် လုပ်ငန်းဆောင်ရွက် ပြီးစီးမှု ၁၈၆၈ ခုရှိကြောင်း ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီထံမှ သိရသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးထိ ကြယ်ပွင့်ပြ ကတိဖြစ် မေးခွန်းပေါင်း ၂၃၉၆ ခုရှိပြီး လုပ်ငန်းပြီးစီးမှု ၂၂၄ ခုရှိကြောင်း၊၊ ကြယ်ပွင့်မပြ ကတိဖြစ် မေးခွန်းပေါင်း ၂၃၉၆ ခုရှိပြီး လုပ်ငန်းပြီးစီးမှု ၁၃၄၄ ခုဖြစ်သည့်အတွက် စုစုပေါင်း ကတိဖြစ်မေးခွန်း ၂၈၆၉ ခုရှိသည့်အနက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၁၈၆၈ ခုဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆက်လက်ပြီး ကြယ်ပွင့်ပြကတိဖြစ် မေးခွန်းတွင် ဆောင်ရွက်ဆဲ လုပ်ငန်း ၂၄၉ ခုနှင့် ကြယ်ပွင့်မပြ ကတိဖြစ် မေးခွန်းတွင် ဆောင်ရွက်ဆဲလုပ်ငန်း ၁၀၅၂ ခုရှိပြီး စုစုပေါင်းဆောင်ရွက်ဆဲ လုပ်ငန်း ၁၃၀၁ ခုဖြစ်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ပါရှိသည်။
ထိုသို့ ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများကို အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ရာခိုင်နှုန်း ၁၀၀ လုပ်ငန်းပြီးစီးကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ဖော်ပြရန် အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း လိုက်နာမှုအားနည်းလျက်ရှိကြောင်း တွေ့ရှိရသည်ဟု ကော်မတီက သုံးသပ်ထားခြင်းဖြစ်သည်။
လွှတ်တော်တွင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များကိုယ်စား တာဝန်ခံ ဖြေကြားရသော ဝန်ကြီးဌာနများနှင့် နေပြည်တော် ကောင်စီအနေဖြင့် ကတိအဖြစ် သတ်မှတ်ခံရသည့်မေးခွန်းများကို အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များထံသို့ လုပ်ငန်းလွှဲပြောင်းပေးရမည်ဖြစ်ပြီး ထိုသို့ လုပ်ငန်းလွှဲပြောင်းပေးမှသာ တာဝန်ယူ လုပ်ဆောင်ရမည့် တိုင်းဒေသကြီး^/ပြည် နယ်အစိုးရအဖွဲ့များကလည်း လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်နိုင်မည် ဖြစ်သကဲ့သို့ ဝန်ကြီးဌာနနှင့် နေပြည်တော် ကောင်စီအပေါ်တွင်လည်း ကတိအဖြစ် သတ်မှတ်ထားခြင်းမှလည်း ပယ်ဖျက်ပေးနိုင်မည်ဖြစ်ကြောင်း ကော်မတီက ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်