
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲများအတွင်း အရပ်သား သေဆုံးမှုအပေါ် အစိုးရ၊ ဌာနဆိုင်ရာ၊ လွှတ်တော် ကိုယ်စားလှယ်နှင့် လူမှုအဖွဲ့အစည်းများ ပါဝင်သည့် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းရန် ရခိုင်ပြည်နယ် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ရာ ဆက်လက် ဆွေးနွေးမည့်ဘက်မှ မဲအနိုင်ရသဖြင့် ဆက်လက် ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။
ယင်းအဆိုအား မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က အဆိုတင်သွင်းခဲ့ခြင်း ဖြစ်ကာ လွှတ်တော်၏ သဘောထားကို ရယူခဲ့ရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်သဖြင့် မတ်တတ်ရပ်စနစ်ဖြင့် မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံသူ ၂၄ ဦး၊ ကန့်ကွက်သူ ၁၁ ဦး၊ ကြားနေ တစ်ဦးရှိခဲ့သည့်အတွက် အဆိုအား လာမည့် လွှတ်တော် အစည်းအဝေး၌ ဆက်လက်ဆွေးနွေးရန် အတည်ပြု ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။
၂၀၁၉ ခုနှစ် သြဂုတ် ၂၉ ရက်အထိ အရပ်သား သေဆုံးသူဦးရေ ၈၀ နှင့် ထိခိုက်ဒဏ်ရာ ရသူ ၁၂၀ ခန့်ရှိခဲ့ကြောင်း၊ ထိုသို့ ထိခိုက်ဒဏ်ရာရရှိ သေဆုံးသူများသည် စစ်မြေပြင်တွင် သေဆုံး ဒဏ်ရာရခြင်းမျိုး မဟုတ်ဘဲ မိမိ နေအိမ်၊ ကျေးရွာအတွင်း နေထိုင်စဉ် လက်နက်ကြီးငယ်နှင့် အမြောက်ကျည်တို့ ထိမှန်ခဲ့သည့်အတွက် သေဆုံးဒဏ်ရာရခဲ့သူများ ဖြစ်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ရှင်းလင်း ပြောကြားခဲ့သည်။
သို့သော်လည်း ယင်းအဆိုနှင့် ပတ်သက် ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက လက်ရှိတွင် ရွာသားနှင့် AA ခွဲမရ ဖြစ်နေကြောင်း၊ လောလောဆယ် စုံစမ်းမည်ဆိုပါက အချက်အလက် မမှန်နိုင်ကြောင်း၊ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းမည်ဆိုပါက စောလွန်းနေသေးကြောင်း မီဒီယာများသို့ ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းအဆိုနှင့် ပတ်သက်ပြီး ဆွေးနွေးလိုပါက စက်တင်ဘာ ၂၀ ရက် နောက်ဆုံးထားပြီး လွှတ်တော်သို့ အမည်စာရင်း တင်သွင်းရမည်ဖြစ်ကြောင်းနှင့် လာမည့် လွှတ်တော်ရက်များအတွင်း ဆက်လက် ဆွေးနွေး သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်