
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ၎င်းတို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လိုအပ်ချက်များအား ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGO) ထံ တိုက်ရိုက်အကူအညီတောင်းခံခြင်းမျိုး မလုပ်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့ ဦးစွာတင်ပြ၍ ခွင့်ပြုချက်တောင်းခံသွားရန် ငြိမ်းချမ်းရေးကော်မရှင်က NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကို ညှိနှိုင်းအကြောင်းကြားစာပေးပို့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၃ ရက်ရက်စွဲဖြင့် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌကိုယ်စား ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က လက်မှတ်ရေးထိုးကာ NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် မိမိတို့ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လိုအပ်ချက်များအား UN အဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများနှင့် INGO များထံသို့ တိုက်ရိုက်ဆက်သွယ်၍ အကူအညီတောင်းခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်ဟု အဆိုပါညှိနှိုင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ရယူလိုသည့် အကူအညီများရှိပါက အဆိုပါအဖွဲ့အစည်းများထံ တိုက်ရိုက်ဆက်သွယ် ညှိနှိုင်းခြင်းမပြုလုပ်ဘဲ NRPC သို့ ဦးစွာတင်ပြ၍ ခွင့်ပြုချက်တောင်းခံသွားရန် အကြောင်းကြားလာပါသည်ဟု အဆိုပါစာတွင် ဖော်ပြခဲ့သည်။
NRPC ၏ အဆိုပါ ညှိနှိုင်းအကြောင်းကြားစာသည် မည်သည့်အကြောင်းအရာကို ရည်ညွှန်းလိုကြောင်း မသိသော်လည်း NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ယခုအချိန်အထိ မည်သည့်ဖွံ့ဖြိုးရေးလုပ်ငန်းကိုမျှ ဆောင်ရွက်ရခြင်း မရှိသေးကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြားသည်။
“အစိုးရဘက်က သူတို့ ဘာကိုရည်ညွှန်းတယ်ဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး။သို့သော်လည်းပဲ ကျွန်တော်တို့ တကယ့်လက်တွေ့မှာတော့ အရင်အစိုးရလက်ထက်မှာရော၊ ဒီအစိုးရလက်ထက်မှာရော ကျွန်တော်တို့က ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် NCA စတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်တွေ အများကြီးကို လက်မှတ်ရေးထိုးခဲ့တယ်။စာချုပ်တွေထဲမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပါပေမဲ့လို့ ကျွန်တော်တို့က အခုအထိ ဘယ်ဖွံ့ဖြိုးရေးလုပ်ငန်းကိုမှ ကျွန်တော်တို့က အကောင်အထည်ဖော်တာ လုပ်ရသေးတာ မဟုတ်ဘူး။ အဲဒီတော့ ဒီကိစ္စက ဘာကိုဆိုလိုတယ်ဆိုတာ ကျွန်တော်တို့ကြားထဲမှာလည်း ပြန်ဆွေးနွေးဖို့လိုသလို အစိုးရနဲ့လည်း ပြန်ပြီးဆွေးနွေးရဦးမှာဖြစ်ပါတယ်” ဟု ခွန်မြင့်ထွန်းက ပြောကြားသည်။
အစိုးရအနေဖြင့် အဆိုပါညှိနှိုင်းအကြောင်းကြားစာကို နှစ်ဖက်အလုပ်အဖွဲ့ အစည်းအဝေးတစ်ခုတွင် ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါစာကို ၎င်းတို့အနေဖြင့် လက်ခံခဲ့သော်လည်း လုပ်ငန်းအဖွဲ့တာဝန်ဖြင့် သွားရောက်ခြင်းဖြစ်သည့်အတွက် ပြန်လည်ဆွေးနွေးမှု မပြုလုပ်ခဲ့ကြောင်း ခွန်မြင့်ထွန်းက ပြောကြားသည်။
ထို့ကြောင့် အဆိုပါညှိနှိုင်းအကြောင်းကြားစာကို အစိုးရအဖွဲ့က EAO အဖွဲ့အစည်း တစ်ဖွဲ့ချင်းအလိုက် ပေးပို့ခဲ့ခြင်းဖြစ်သော်လည်း အဆိုပါကိစ္စသည် အားလုံးနှင့် သက်ဆိုင်သည့်အတွက် NCA-S EAO အစုအဖွဲ့ကြားတွင် ပြန်လည်ဆွေးနွေးမည်ဟု ၎င်းကပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်