
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးများသည် စက်တင်ဘာ ၁၉ ရက်က ပြီးဆုံးခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးများကို စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်အစည်းအဝေးကို ၂၃ ရက်က ကျင်းပခဲ့သည်။
“ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးဟာ ဒီနေ့ပြီးဆုံးမှာ ဖြစ်ပါတယ်။ ဒီကာလအတွင်း အစည်းအဝေး ကျင်းပရက် ၂၃ ရက်ရှိခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း ၁၆၄ ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း ၅၅၄ ခု ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ ဝမ်းနည်းကြောင်းအဆို တစ်ခုအပါအဝင် အဆို ၁၄ ခု တင်သွင်းနိုင်ခဲ့ပြီး အတည်ပြုအဆို ခုနစ်ခု၊ မှတ်တမ်းတင်အဆို ခြောက်ခုနဲ့တင်သွင်းပြီး ဆက်လက်ဆွေးနွေးရန် ကျန်အဆို တစ်ခုတို့ ဖြစ်ကြပါတယ်။ ယခင်က ကျန်ရှိတဲ့ဥပဒေကြမ်းများ အပါအဝင် ဆောင်ရွက်ခဲ့တဲ့ ဥပဒေကြမ်း စုစုပေါင်း ၂၆ ခုရှိပြီး ဥပဒေကြမ်း ၁၁ ခုကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဆက်လက်ဆောင်ရွက်ရန် ဥပဒေကြမ်း ၁၅ ခု ကျန်ရှိပါတယ်။ ယခုအစည်းအဝေးကာလအတွင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လေးဦး ကတိသစ္စာပြုခြင်း၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ လွှတ်တော်ရေးရာ ကော်မတီများအနေနဲ့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်များ ပြောင်းလဲခြင်း၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦး နုတ်ထွက်ခွင့်ပြုခြင်းများ ဆောင်ရွက်ခဲ့ပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားသည်။
လွှတ်တော်၏ အဓိက တာဝန်ဖြစ်သော ဥပဒေပြုရေးတာဝန်များ ဆောင်ရွက်သည့်အခါ ပြည်သူများအတွက် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသောဥပဒေများကို ရေးဆွဲပြဋ္ဌာန်းပေးကြရမည်ဖြစ်ပြီး နိုင်ငံသားအားလုံး လက်ခံနိုင်သည့်ဥပဒေများဖြစ်မှသာ တရားဥပဒေစိုးမိုးရေး ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ဆက်လက်ပြီး တရားဥပဒေစိုးမိုးရေးရှိမှသာ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်များတွင် တာဝန်ခံမှု၊ တာဝန်ယူမှုများ ရှိလာမည်ဖြစ်ကြောင်း၊ ပြည်သူလူထုက ဥပဒေကို လေးစားလိုက်နာပြီး မဏ္ဍိုင်ကြီး သုံးရပ်ကို ကိုယ်စားပြုနေကြသူများအားလုံးကလည်း မိမိတို့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သည့် ဒီမိုကရေစီယဉ်ကျေးမှု ဖော်ဆောင်နိုင်မှသာ မိမိတို့လူ့အဖွဲ့အစည်း တိုးတက်နိုင်မည်ဆိုသည်ကို သတိပြုကြရန် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
“ပြည်သူကရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ပီသစွာ ပြည်သူ့အကျိုးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြပါ။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်နိုင်အောင် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြပါ။ ပါတီတွေအချင်းချင်းကြား၊ တိုင်းရင်းသားများနဲ့ အဖွဲ့အစည်းတွေအကြား အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုနဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုအကျိုးကို မျှော်ကိုးပြီး အတူလက်တွဲဆောင်ရွက်ကြပါ” ဟု ဦးတီခွန်မြတ်က ပြောကြားသည်။
စက်တင်ဘာ ၁၉ ရက်တွင် ပြီးဆုံးခဲ့သော အမျိုးသားလွှတ်တော်အစည်းအဝေးများသည်လည်း ကျင်းပရက် ၂၃ ရက်ရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်