
မဲစာရင်းရလဒ်များကို ငါးရက်နှင့် ခုနစ်ရက်အတွင်း အပြီးကြေညာမည်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲလာပေးသူ ၇၀ ရာခိုင်နှုန်းကျော်ရှိမည်ဟု ခန့်မှန်းရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။
နိုဝင်ဘာ ၁၁ ရက်က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၏ မဲစာရင်းရလဒ်များကို မည်သည့်အချိန်တွင် အပြီးကြေညာမည်နှင့် ဆန္ဒမဲလာပေးသူ မည်မျှရှိပါသလဲဆိုသည့် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးမြင့်နိုင်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
“ဒီတစ်ပတ်အတွင်း လုပ်မယ်လို့။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲက ၁၀ ရက်ကြာတယ်။ ၁၀ ရက်ကြာမှ ပြီးတယ်။ ကျွန်တော်တို့က အခုငါးရက်၊ အများဆုံး ခုနစ်ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်နေပါတယ်။ (အခုက ဘယ်ရာခိုင်နှုန်းလောက် ကြေညာပြီးသွားပြီလဲ) အခုက ၃၀ ရာခိုင်နှုန်း ရှိသွားပြီပေါ့။ အားလုံး ၃၃၈ ကြေညာပြီးပြီ။ ကြေညာထားတာပေါ့နော်။ ကြေညာတော့ အများဆုံးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပေါ့” ဟု ဦးမြင့်နိုင်က ပြောကြားသည်။
လွှတ်တော်ရွေးကောက်ပွဲ ကိုယ်စားလှယ်အတွက်သည် ရလဒ်များကို ကြေညာရန် မြန်ဆန်သော်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီရရှိသည့် ဆန္ဒမဲလက်မှတ်များ၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီ၏ မဲရလဒ်မည်မျှရရှိသည်များကိုပါ တွက်ချက်ပြီး ပုံစံများပြုလုပ်၍ ကြေညာရခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲရလဒ်များကို ကြေညာသည့်အချိန်သည် ကြာမြင့်ခြင်းဖြစ်ကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။
တစ်နိုင်ငံလုံး မဲပေးခွင့်ရှိသူ မဲဆန္ဒရှင် အရေအတွက်အား ဖြေကြားပေးပါရန် မေးမြန်းမှုကို “၃၇ သန်း ၂ သိန်း ကျော်ရှိတယ်။ ၇၀ ရာခိုင်နှုန်းခန့်မှန်းတာပေါ့။ အတိအကျတော့ ပြန်ကြေညာပေးမှာပေါ့” ဟု ဦးမြင့်နိုင်က ပြောကြားသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်မည်မျှ ဆန္ဒမဲပေးခဲ့သည်ကို မြို့နယ်အသီးသီးရှိ မဲရုံများတွင် စာရင်းများပြုစုနေပြီဖြစ်ပြီး မည်သည့်ရာခိုင်နှုန်း မဲလာပေးသည်၊ မည်သည့်ပါတီက ရာခိုင်နှုန်းမည်မျှရသည်ဆိုသည်ကို စာရင်းဇယားများဖြင့် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်