
ရခိုင်တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့် နယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပေးရန် အစိုးရနှင့် တပ်မတော်ကို AA အဖွဲ့က မေတ္တာရပ်ခံမှုအပေါ် ကြိုဆိုကြောင်းနှင့် ကျန်ရှိသည့်နေရာများတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်မည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ ၁၂ ရက် နံနက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် AA အဖွဲ့က တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပြုလုပ်နေသော ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်တန့်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာလွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေးကို ကြေညာကာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် NLD အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း၊ ထိုသို့ ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်သည့် တည်ငြိမ်သော အခင်းအကျင်းအခြေအနေတစ်ခုကို ဖန်တီးရန်အတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့နှင့် သင့်လျော်သလို ပံ့ပိုးကူညီလုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ရွေးကောက်ခံကိုယ်စားလှယ်များ၏ အနိုင်အရှုံးရလဒ်၊ အစိုးရသစ်ဖွဲ့နိုင်မည့် ပါတီသည်လည်း ထွက်ပေါ်ခဲ့ပြီဖြစ်ကြောင်း၊ သို့သော် ရခိုင်ပြည်နယ်၏ မြို့နယ်အများစု၌ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သောကြောင့် ၎င်းဒေသအတွင်း နေထိုင်ကြသော ပြည်သူလူထုများအနေဖြင့် မဲပေးခွင့်မရရှိခဲ့ကြဘဲ ပြည်သူ့အသံကို ကိုယ်စားပြုနိုင်သော ရွေးကောက်ခံကိုယ်စားလှယ်များကို ဆုံးရှုံးခဲ့ရသကဲ့သို့ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေးများလည်း နစ်နာခဲ့ကြောင်း၊ ယင်းအခွင့်အရေးများမဆုံး ရှုံးစေရန်နှင့် ရွေးကောက်ပွဲမကျင်းပရသေးသည့် မြို့နယ်များ၌ ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၂၀ ပြည့်နှစ်ဒီဇင်ဘာ ၃၁ ရက် မတိုင်မီအတောအတွင်း ကျင်းပနိုင်ရန် အစိုးရနှင့် မြန်မာ့တပ်မတော်တို့အား မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်ဟု ဖော်ပြခဲ့သည်။
ယင်းသို့ AA အဖွဲ့မှ ထုတ်ပြန်ခဲ့သည့်အပေါ် တပ်မတော်ကလည်း တုံ့ပြန်သည့် ကြေညာချက်တစ်ခုကို နိုဝင်ဘာ ၁၂ ရက် ညနေတွင် ချက်ချင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး၊ မဲပေးပိုင်ခွင့်ရှိသူအားလုံး သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် မဲပေးနိုင်ရေးအလေးထားကြောင်း ဆန္ဒဖော်ပြထားပြီးဖြစ်ကြောင်း၊ ယင်းကြောင့် ULD/ AA ၏ ယခုထုတ်ပြန်ချက်အား ကြိုဆိုပါကြောင်းနှင့် ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိသည့်နေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားပါမည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။
တပ်မတော်အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေးနှင့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ဖော်ဆောင်ရာတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး စစ်ရေးဆိုင်ရာ ရပ်ဆိုင်းပေးခြင်းထုတ်ပြန်ချက်များကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ထုတ်ပြန်လျက် နိုဝင်ဘာလကုန်အထိ တပ်မတော်အနေဖြင့် ရပ်ဆိုင်းပေးထားကြောင်း ဖော်ပြထားသည်။
ထို့ပြင်နိုဝင်ဘာ ၂ ရက်၌ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ AA အဖွဲ့များနှင့် ပတ်သက်သော သဘောထား ထုတ်ပြန်ချက်များထုတ်ပြန်ခြင်း၊ ရွေးကောက်ပွဲပြီးလျှင်ပြီးချင်း နောက်တနေ့ နိုဝင်ဘာ ၉ ရက်တွင် ထာဝရ ငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ ဆောင်ရွက်ရန် ရည်ရွယ်လျက် တပ်မတော်၏ ငြိမ်းချမ်းရေးေ ဆွးနွေးမှုကော်မတီအား ဖွဲ့စည်းခြင်းနှင့် လုပ်ဆောင်မည့်လုပ်ငန်းများကို ထုတ်ပြန်ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု တပ်မတော်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်အတွင်း၌လည်း ကြားဖြတ်ရွေးကောက်ပွဲ အမြန်ကျင်းပနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားပါရန် တိုက်တွန်းအပ်ပါသည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်အမျိုးသမီးနိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ရခိုင်အမျိုးသားပါတီမှ ဒေါ်ခင်စောဝေက တပ်မတော်၏ ထုတ်ပြန်ချက်ကို တင်ထားခဲ့ပြီး ကြိုဆိုကြောင်း မှတ်ချက်ပြုရေးသားကာ ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်