
ကချင်ပြည်နယ် ၀ိုင်းမော်မြို့အဝင် ဆိုင်းဘုတ်ရှိ သင်္ကေတအမှတ်လက္ခဏာနှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်နေသည့်အပေါ် နိုဝင်ဘာ ၁၃ ရက်တွင် မြစ်ကြီးနားမြို့၌ ရှမ်းအဖွဲ့အစည်းများနှင့် ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့အဝင် ဆိုင်းဘုတ်ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ကချင်ပြည်နယ်အတွင်းရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ၀ိုင်းမော်ဒေသခံများ၊ ရှမ်းတိုင်းရင်းသားငါးမျိုးမှ ခေါင်ဆောင်များနှင့် ရှမ်းတိုင်းရင်းသားလူ မျိုးရေးရာဝန်ကြီးတို့ တွေ့ဆုံဆွေနွေးခဲ့ခြင်း ဖြစ်သည်။
ဝိုင်းမော်မြို့နယ်တွင် ကချင်တိုင်းရင်းသားများအပြင် ရှမ်းတိုင်းရင်းသားများ လည်းနေထိုင်ကြပြီး မြို့အဝင်ဆိုင်းဘုတ်တွင် မနောတိုင်သင်္ကေတ ထည့်သွင်းမှုအပေါ် အငြင်းပွားမှုရှိနေခြင်းဖြစ်သည်။
မြို့အဝင်ဆိုင်းဘုတ်ကိစ္စ သင်္ကေတအမှတ် လက္ခဏာကြောင့် တိုင်းရင်းသားများ စိတ်ဝမ်းမကွဲစေချင်ကြောင်းနှင့် ရိုးစင်းသည့် ဆိုင်းဘုတ်ဖြစ်ရန် ညှိနှိုင်းထားကြောင်း ကချင်ပြည်နယ် ရှမ်းတိုင်းရင်သားလူမျိုး ရေးရာဝန်ကြီး ဦးစိုင်းစိန်လင်းက ဆွေးနွေးမှုအပြီး ပြောကြားသည်။
ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်းက “ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးခဲ့တာက ဌာနေတိုင်းရင်းသား အခွင့်အရေးနှင့် မြို့ရဲ့ သမိုင်းကြောင်းကို အခြေခံပြီး ဆွေးနွေးကြပါတယ်။ ကျွန်တော်ကတော့ သင်္ကေတအမှတ်လက္ခဏာကြောင့် တိုင်းရင်းသားတွေ စိတ်ဝမ်းမကွဲစေချင်ဘူး။ ရိုးစင်းတဲ့ ဆိုင်းဘုတ်ဖြစ်ဖို့ ရှမ်းတိုင်းရင်းသားတွေနဲ့ အကြိုဆွေးနွေးကြတာပါ။ နောက်ပြီး တခြားတိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ မြို့ဖြစ်လို့ လူမျိုးစုတွေ အားလုံးလည်း သင်္ကေတတွေ ပေါင်းမထည်ဖို့ တွေပါတယ်။ ဌာနေတိုင်းရင်းသားတွေ ယဉ်ကျေးမှုမပျောက်ပျက်ဖို့၊ အဖိအနှိပ်မခံရဖို့ဆိုတဲ့အချက်နဲ့ နောက်ဆုံးမှာ ဒါကိုအသုံးချဖို့ စဉ်းစားထားပါတယ်။ ကျွန်တော်ကတော့ လူမျိုးတွေကြား အငြင်းပွားဖွယ် ကိစ္စရပ်များ မပေါ်ပေါက်အောင်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်အောင် အဓိကထားပြီး ဆွေးနွေးဖို့ မူချထားပါတယ်” ဟု ပြောကြားသည်။
နိုဝင်ဘာ ၁၂ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စု အစိုးရအဖွဲ့မှ ညွှန်ကြားချက်အရ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီတို့က နိုဝင်ဘာ ၁၇ ရက် တွင် ဒေသခံတိုင်းရင်းသားများနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း ရှမ်းတိုင်းသားငါးမျိုး၏ စာပေယဉ်ကျေးမှုအဖွဲ့နှင့် ရှမ်းတိုင်းရင်းသား လူမှုအဖွဲ့အစည်းများ၊ ပါတီများ၊ ၀ိုင်းမော်ဒေသခံများက ပြည်ထောင်စုဝန်ကြီး တိုင်းရင်းသားရေးရာဝန်ကြီးဌာနသို့ ၀ိုင်းမော်မြို့အဝင် ဆိုင်းဘုတ်အမှတ် အသားနှင့်ပတ်သက်၍ လွန်ခဲ့သည့် အောက်တိုဘာ နောက်ဆုံးအပတ်က ကန့်ကွက်စာပေးပို့ခဲ့သည်။
ယင်းကန့်ကွက်စာတွင် ၀ိုင်းမော်မြို့နှင့် အနီးတဝိုက်တွင် ရှမ်းတိုင်းရင်းသားများ မြို့ရွာတည်ထောင် နေထိုင်လာခဲ့သည်မှာ ရှစ်ရာစုနှစ်ဝန်းကျင်မှစ၍ တည်ထောင်လာခဲ့သည့်မြို့ရွာများဖြစ်ပြီး ၀ိန်းမော်၊ ၀ိန်းမောင်၊ တပ်မြို့သစ်၊ ခပ်ချို၊ ကပ်ကျို၊ စျေးဆိပ်၊ တာစန်၊ ဆင်ဆိပ်ကန်း၊ စန်းကား၊ စကားဝါတော စသည်တို့မှာ ရှမ်းနာမည်ဖြင့် တည်ခဲ့သည့် မြို့ကျေးရွားများဖြစ်ပြီး လက်ရှိတွင် ၀ိန်းစွမ်ကို ရှေ့ဟောင်းသုတေသန ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ ၀ိုင်းမော်မြို့ရှိ မနောတိုင်အမှတ်လက္ခဏာ ဆိုင်းဘုတ်ကို ဖယ်ရှားပေးပါရန် ကန့်ကွက်စာပေးပို့ခဲ့သည်။
၀ိုင်းမော်မြို့အဝင် ဆိုင်းဘုတ်ကို ဗန်းမော်ဘက်မှ အဝင်နှင့် မြစ်ကြီးနားမြို့မှအဝင်တွင် မနောတိုင် သင်္ကေတဖြင့် တည်ဆောက်ရန်လျာထားပြီး ဗန်းမော်မြို့ဘက်မှ အဝင်ဆိုင်းဘုတ်မှာ ပြီးစီးနေပြီဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်