
ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အလှမယ်များအကြား ကိုဗစ်ကူးစက်နေမှုများကြောင့် ဒီဇင်ဘာ ၂၃ ရက်တွင် ပွာတိုရီကိုနိုင်ငံ၌ ကျင်းပရန်စီစဉ်ထားသည့် Miss World ပြိုင်ပွဲကြီးကို ဖျက်သိမ်းလိုက်ရပြီး ၂၀၂၂ ခုနှစ်၊ မတ် ၁၆ ရက်တွင် ပြန်ကျင်းပရန်လျာထားသည်။
ပြိုင်ပွဲဝင်အလှမယ်ပေါင်း ၉၇ ဦးထဲမှ ၂၃ ဦးနှင့် ဝန်ထမ်း ၁၅ ဦး ကိုဗစ်ကူးစက်ခံလိုက်ရပြီးနောက် အကြိမ် ၇၀ မြောက်မယ် ကမ္ဘာအလှမယ်ပြိုင်ပွဲနောက်ဆုံးနေ့ကို ရက်ရွှေ့လိုက်ရခြင်းဖြစ်သည်။
Miss World အဖွဲ့အစည်းထုတ်ပြန်ချက်အရ ပြိုင်ပွဲဝင်အလှမယ်များနှင့် ဝန်ထမ်းများသည် ကျန်းမာရေးကျွမ်းကျင်သူများထံမှ ဗိုင်းရပ်စ်ကင်းရှင်းကြောင်း အထောက်အထားရပါက ပြိုင်ပွဲပြန်လည် မကျင်းပမီအချိန်အထိ ၎င်းတို့မိခင်နိုင်ငံများသို့ ပြန်ခွင့်ရှိသည်။
ကိုဗစ်ကူးစက်ခံရသည့်အလှမယ် ၂၃ ဦးထဲတွင် မလေးရှားအလှမယ်၊ အင်ဒိုနီးရှားအလှမယ်နှင့် အိန္ဒိယအလှမယ်တို့ ပါဝင်နေပြီး မလေးရှားအလှမယ်နှင့် တစ်ခန်းတည်းနေခဲ့သည့် စင်ကာပူအလှမယ်က ကိုဗစ် Negative ပြခဲ့သည်။ သူမသည် ကိုဗစ်ကာကွယ်ဆေးအပြည့်အဝ ထိုးပြီးထားသူဖြစ်သည်။
သို့သော် ဒီဇင်ဘာ ၁၉ ရက်တွင် စင်ကာပူသို့ သူမပြန်ရောက်လာသည့်အခါ အဖြေ Positive ဖြစ်သွားသည့်အတွက် လက်ရှိတွင် ဟိုတယ်တစ်ခု၌ ကွာရန်တင်းဝင်နေရသည်။
ဗိုင်းရပ်စ်ကူးစက်ထားသည့် ဝန်ထမ်းများနှင့် အလှမယ်များအားလုံးလည်း ပွာတိုရီကိုတွင် ကွာရန်တင်းဝင်နေရသည်။
မယ်ကမ္ဘာသရဖူကို လက်ရှိပိုင်ဆိုင်ထားသူက ဂျမေကာအလှမယ် တိုနီအန်ဆင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် သရဖူဆွတ်ခူးလိုက်ခြင်းဖြစ်သည်။ သူမသည် မယ်ကမ္ဘာသရဖူကို ရယူလိုက်သည့် စတုတ္ထမြောက် ဂျမေကာအလှမယ်ဖြစ်ပြီး ၂၀၂၀ ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့သည့်အတွက် အခြား Winner များထက် ပိုကြာစွာ သရဖူကို ပိုင်ဆိုင်ထားသည်။ မကြာမီက ကျင်းပခဲ့သည့် မယ်စကြာဝဠာပြိုင်ပွဲတွင်မူ အသက် ၂၁ နှစ် အရွယ် အိန္ဒိယအလှမယ်က ဗိုလ်စွဲထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်