
မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း ဆန္ဒရှိသည့် နေရပ်စွန့်ခွာသူ ဟိန္ဒူဘာသာဝင် ၄၄၄ ဦးကို ဆောလျင်စွာပို့ဆောင်ပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန စက်တင်ဘာ ၅ ရက်က ခေါ်ယူတွေ့ဆုံ၍ တိုက်တွန်းပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury နှင့် တွေ့ဆုံစဉ် ဟိန္ဒူဘာသာဝင်များကို အမြန်ဆုံးပို့ဆောင်ပေးရေးနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ ဆောင်ရေးလုပ်ငန်းစဉ်ကို နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်အကြောင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။
သြဂုတ် ၂၅ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင် ဖြစ်စေ မြန်မာနိုင်ငံသို့ အချိန်မရွေး ပြန်လိုက ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ဟန့်တား မည်မဟုတ်ဆိုသည့် ရပ်တည်ချက်နှင့်အညီ မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း ဆန္ဒရှိသည့် ဟိန္ဒူဘာသာဝင်များကို အမြန်ဆုံးပြန်လည် ပို့ဆောင်ရေး အမြဲတမ်းအတွင်းဝန်က တိုက်တွန်းခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်တွင် ဖော်ပြထားသည်။
အဆိုပါ ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်မှာ သြဂုတ် ၂၂ ရက်က ပထမအသုတ်အဖြစ် ပြန်လည်လက်ခံရန် စီစဉ်ခဲ့သည့် နေရပ်စွန့် ခွာသူ ၃၄၅၀ စာရင်းနှင့် သက်ဆိုင်ခြင်းမရှိ ဘဲ ၂၀၁၇ ဒီဇင်ဘာ မတိုင်မီတည်းက နေရပ် ပြန်လိုကြောင်း ဆန္ဒပြုထားကြသူများဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အပြည် ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်က အဆိုပါ ဟိန္ဒူဘာသာဝင်များကို နေရပ်ပြန်ပို့မည့် ဦးစားပေးစာရင်း၌ ထည့်သွင်းထားခြင်းမရှိဘဲ ပထမအသုတ် ပြန်လည်လက်ခံရန် သဘောတူထားသည့် ၃၄၅၀ ဦး၏နောက်တွင် ထည့်သွင်းထားကာ လက်ရှိအချိန်အထိ ၎င်းတို့ နေရပ်ပြန်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ဆောင်ရွက် ပေးခြင်းမရှိသေးဟု ၎င်းက ပြောကြားသည်။
ဟိန္ဒူဘာသာဝင်များကို ပြန်လည်ပို့ဆောင်ပေးရေး ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်းပေးရန် အပြည်အပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms.Christine Schraner နှင့် စက် တင်ဘာ ၄ ရက်တွင် တွေ့ဆုံစဉ် မေတ္တာရပ်ခံထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်